စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ ကုန်သွယ်မှု သင်တန်းကျောင်း (ရန်ကုန်) တွင် အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုအခြေခံသင်တန်း (စနေ၊တနင်္ဂနွေ) အမှတ်စဉ်-၉ သင်တန်းဆင်းပွဲအခမ်းအနား ကို ရန်ကုန်တိုင်းဒေသကြီး၊ ပို့ကုန်သွင်းကုန်ရုံး ပဉ္စမထပ် ညီလာခံခန်းမတွင် ၂၄-၈-၂၀၂၄ (စနေနေ့) ၊ နံနက် (၉:၃၀) နာရီအချိန်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
သင်တန်းဆင်းပွဲ အခမ်းအနားသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီးနှင့်အတူ ကုန်သွယ်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ဝန်ကြီးဌာန လက်အောက်ရှိ ဦးစီးဌာနများမှ အဆင့်မြင့်အရာရှိကြီးများ၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင် များအသင်းချုပ် (UMFCCI) မှ ဒုတိယဥက္ကဋ္ဌ ဒေါက်တာမျိုးသက် နှင့် အသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊ သင်တန်းသားအဟောင်းများ၊ အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုအခြေခံသင်တန်း (စနေ၊ တနင်္ဂနွေ) အမှတ်စဉ် (၉) သင်တန်းနည်းပြများနှင့် သင်တန်းသား (၇၅) ဦးတက်ရောက်ခဲ့ကြပါသည်။
သင်တန်းဆင်းပွဲတွင် ဒုတိယဝန်ကြီး မှ ပထမ၊ ဒုတိယ၊ တတိယ နှင့် စာတမ်းအကောင်းဆုံးဆု ရရှိသူများအား အသီးသီးဆုချီးမြှင့်ခဲ့ပြီး သင်တန်းဆင်းအောင်လက်မှတ်များ ချီးမြှင့်ခဲ့ပါသည်။