Slogan here ... As you work in your image, you specify colors using one of the color models.

www.tradetraininginstitute.com

အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုအခြေခံသင်တန်း (စနေ၊ တနင်္ဂနွေ) အမှတ်စဉ် (၆) သင်တန်းဆင်းပွဲနှင့် သင်တန်းဆင်း အောင်လက်မှတ်အပ်နှင်းခြင်း
Wednesday, March 1, 2023

၁။      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန (ရန်ကုန်တိုင်းဒေသ ကြီးရုံး) တွင်  အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုအခြေခံသင်တန်း(စနေ၊တနင်္ဂနွေ) အမှတ်စဉ်(၆)သင်တန်း ဆင်းပွဲအခမ်းအနားကို ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၅ ရက် နံနက် (၀၉:၀၀) နာရီအချိန်တွင် ပြုလုပ်ခဲ့ရာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ၊ ဒုတိယဝန်ကြီး ဦးညွန့်အောင် တက်‌ရောက်၍ အဖွင့် အမှာစကား ပြောကြားခဲ့ပါသည်။

၂။       သင်တန်းဆင်းပွဲ အခမ်းအနားသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီးနှင့်အတူ အမြဲတမ်းအတွင်းဝန် ၊ ဝန်ကြီးဌာနလက်အောက်ရှိ ဦးစီးဌာနများမှ အဆင့်မြင့် အရာရှိ ကြီးများ၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) မှ ဒုတိယ ဥက္ကဌ ဒေါက်တာမျိုးသက် နှင့် အသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊ အပြည်ပြည်ဆိုင်ရာကုန်သွယ်မှု အခြေခံသင်တန်းအမှတ်စဉ် (၁) မှ (၁၂) ထိ သင်တန်းသားအဟောင်းများ၊ အပြည်ပြည်ဆိုင်ရာကုန်သွယ် မှု အခြေခံသင်တန်း (စနေ၊ တနင်္ဂနွေ) အမှတ်စဉ် (၆) သင်တန်းနည်းပြများနှင့် သင်တန်းသား (၅၇) ဦး တက်ရောက်ခဲ့ကြပါသည်။

Myanmar