စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းမင်း မြန်မာကုန်ပစ္စည်းစစ်ဆေးရေးနှင့် စမ်းသပ်မှုလုပ်ငန်းလီမိတက်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ နှစ်ပတ်လည် အထွေထွေအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်ပစ္စည်း စစ်ဆေးရေးနှင့် စမ်းသပ် မှုလုပ်ငန်းလီမိတက် (Myanmar Inspection and Testing Services Ltd. – MITS) ၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ နှစ်ပတ်လည်အထွေထွေအစည်းအဝေးကို ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၂ ရက်နေ့၊ နံနက် ၀၉:၀၀ နာရီတွင် ရန်ကုန်မြို့၊ ကမ်းနားလမ်းရှိ စီးပွားရေးနှင့် ကူးသန်း‌ရောင်းဝယ်ရေးဝန်ကြီး ဌာန၊ ညီလာခံခန်းမ (ပဉ္စမထပ်) ၌ ကျင်းပပြုလုပ်ခဲ့ရာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန၊ ဒုတိယဝန်ကြီး ဦးမင်းမင်း တက်ရောက် အဖွင့်အမှာစကားပြောကြားခဲ့သည်။

          အခမ်းအနားတွင် ဒုတိယဝန်ကြီး ဦးမင်းမင်းက မြန်မာကုန်ပစ္စည်းစစ်ဆေးရေးနှင့် စမ်းသပ်မှု လုပ်ငန်းလီမိတက် (MITS) သည် နိုင်ငံတော်အစိုးရ၏ မူဝါဒ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ မူဝါဒ၊ ညွှန်ကြားချက်များကို တစ်ဖက်တစ်လမ်းမှ လိုက်ပါအကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိသည့် အဖွဲ့အစည်းတစ်ခုဖြစ်ပါကြောင်း၊ မြန်မာကုန်ပစ္စည်းစစ်ဆေးရေးနှင့် စမ်းသပ်မှုလုပ်ငန်းလီမိတက် (MITS) ကို ၁၉၉၁ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်က စတင်ဖွဲ့စည်းခဲ့ပြီး ယခု အခါသက်တမ်း ၃၄ နှစ်ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါကြောင်း၊ MITS အနေဖြင့် ပြည်ပသို့ လယ်ယာထွက် ကုန်ပစ္စည်းများ တင်ပို့သည့်ကုမ္ပဏီများ ပို့ကုန်လိုင်စင်လျှောက်ထားရာမှာ အရေအတွက်နှင့် အရည် အသွေးများကို သင်္ဘောမတင်မီ (Pre-shipment Inspection) စစ်ဆေးခြင်း၊ သက်ဆိုင်ရာဌာန၊ အဖွဲ့ အစည်းများက သိုလှောင်ထားရှိသည့် ဆန်အရည်အသွေးနှင့် အရေအတွက်စစ်ဆေးပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ MITS အနေဖြင့် နိုင်ငံတကာအသိအမှတ်ပြု အရည်အသွေးစံချိန်စံ ညွှန်းများကို လိုက်နာလက်ခံကျင့်သုံးလျက်ရှိပြီး ISO 9001:2015 နှင့် ဓာတ်ခွဲစမ်းသပ်ခြင်းဆိုင်ရာ ISO/IEC 17025 Certificate တို့ကို ရရှိထားကြောင်း သိရှိရသည့်အတွက် ဂုဏ်ယူဝမ်းမြောက်ပါ ကြောင်း၊ ထို့ပြင်ကုန်ပစ္စည်းစစ်ဆေးခြင်းဆိုင်ရာ ISO/IEC 17020 ရရှိရေး ဆက်လက်ကြိုးပမ်းဆောင် ရွက်လျက်ရှိကြောင်း သိရှိရသည့်အတွက်လည်း အသိအမှတ်ပြုပါကြောင်း၊ MITS အနေဖြင့် လက်ရှိ တွင် ပြည်ပပို့ကုန်များဖြစ်သည့် လယ်ယာထွက်ကုန်သီးနှံများ၏ အရေအတွက်နှင့် အရည်အသွေးစစ် ဆေးခြင်း၊ ပြည်ပမှတင်သွင်းသည့် စားအုန်းဆီများနှင့် ဘူးသွင်းဆီ(Consumer Pack) ဖြင့် တင်သွင်း သည့် စားသုံးဆီများကိုစစ်ဆေးခြင်း၊ နို့နှင့် နို့ထွက်ပစ္စည်းများ၊ ကတ္တရာများ၊ ဆောက်လုပ်ရေးလုပ် ငန်းသုံးပစ္စည်းများကို ကိုယ်စားပြုနမူနာရယူခြင်း စသည့်လုပ်ငန်းများကို ဝန်ဆောင်မှုပေးလျက်ရှိ ကြောင်းသိရှိရပြီး အခြားပို့ကုန်သွင်းကုန်များကိုလည်း ထပ်မံတိုးချဲ့စစ်ဆေးနိုင်ရေး တိုက်တွန်းလိုပါ ကြောင်း၊ MITS သည် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အားကိုးအားထားနိုင် သည့်အဖွဲ့အစည်း၊ တာဝန်ယူမှု၊ တာဝန်ခံမှုရှိသည့်အဖွဲ့အစည်း၊ စည်းမျဉ်း စည်းကမ်းများကို လိုက်နာ ပြီး အဂတိတရားကင်းရှင်းသည့် အဖွဲ့အစည်းဖြစ်ရန် လိုအပ်ပါကြောင်း ပြောကြားခဲ့ပါသည်။

          ထို့နောက် MITS ဒါရိုက်တာအဖွဲ့၊ ဥက္ကဋ္ဌ၊ စားသုံးသူရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က လုပ်ငန်းဆောင်ရွက်မှုအခြေအနေများ တင်ပြခြင်း၊ ဒါရိုက်တာအဖွဲ့၏ အစီရင်ခံစာကို ဖတ်ကြားတင် သွင်း အတည်ပြုခြင်းနှင့် MITS တွင် ပို့ကုန်သွင်းကုန်စစ်ဆေးရန် လုပ်ငန်းအများဆုံးအပ်နှံပေးကြသည့် ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်ကြီးများကို ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ခြင်း စသည်တို့ကို ဆောင်ရွက်ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

အဆိုပါအခမ်းအနားသို့ MITS ဒါရိုက်တာအဖွဲ့ဝင်များ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ မြန်မာ နိုင်ငံ ပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းကုန်သည်များအသင်း၊ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်း၊ မြန်မာနိုင်ငံပြောင်းလုပ်ငန်းအသင်းနှင့် ဘုရင့်နောင်ကုန်စည်ဒိုင်တို့မှ  ဥက္ကဋ္ဌများ၊ တာဝန်ရှိသူ များနှင့် ဖိတ်ကြားထားသည့်ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။