စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့်ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့ ပူးပေါင်းစီစဉ်မှုဖြင့် ဟင်းသီးဟင်းရွက်များအား သက်သာသောဈေးနှုန်းဖြင့် လှည့်လည်ရောင်းချပေးလျက်ရှိ

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့်ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့ ပူးပေါင်းစီစဉ်မှုဖြင့် ဟင်းသီးဟင်းရွက်များအား သက်သာသောဈေးနှုန်းဖြင့် လှည့်လည်ရောင်းချပေးလျက်ရှိ

နေပြည်တော်၊ မေ ၇

          စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့ ပူးပေါင်း စီစဉ်မှုဖြင့် ဟင်းသီးဟင်းရွက်များအား ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ငလျင်ဒဏ်သင့် ဝန်ထမ်းအိမ်ရာများသို့  ၂၀၂၅ ခုနှစ်၊ ဧပြီလ ၃၀ ရက်နေ့မှစ၍ အိမ်တိုင်ရာရောက် သွားရောက်ကာ သက်သာသော ဈေးနှုန်းများဖြင့် လှည့်လည်ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။

          ထိုသို့လှည့်လည်ရောင်းချရာတွင် ၂၀၂၅ ခုနှစ်၊ ဧပြီလ ၃၀ ရက်နေ့ မှ မေလ ၇ ရက်နေ့အထိ နေပြည်တော်အတွင်း ဈေးကား (၈) စီးဖြင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန (ရုံးချုပ်)၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန‌၊ ဥတ္တရ သီရိမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာန၊ ဒက္ခိဏခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စုပေါင်း ရုံးများ၊ နေပြည်တော်ဘူတာကြီး၊ စက်ခေါင်းအလုပ်ရုံဌာန၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ကြေးမုံသတင်းစာတိုက်၊ မြန်မာ့အလင်းသတင်းစာတိုက်၊ အကျဉ်းဦးစီးဌာန(နေပြည်တော်)၊ မြန်မာ နိုင်ငံရဲတပ်ဖွဲ့(တိုင်းရုံး)၊ အထူးရဲရုံး၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရှိ ဝန်ထမ်းများအား ခရမ်းချဉ်သီး ၁၂၁၀ ပိဿာ ၊ အာလူး ၁၁၂၅ ပိဿာ ၊ ဂေါ်ဖီထုပ် ၄၅၀ ထုပ် ၊ ပန်းဂေါ်ဖီ ၃၅၀ ပွင့် ၊ ချင်း ၁၂၅ ပိဿာ၊ ကြက်သွန်ဖြူ ၂၀၀ ပိဿာ၊ ကြက်သွန်နီ ၂၇၅ ပိဿာ၊ ‌‌ရွှေဖရုံသီး/ ကျောက်ဖရုံသီး ၂၆၂ ပိဿာ၊ ခရမ်းသီး ၁၇၅ ပိဿာနှင့် မုန်ညှင်းဖြူ ၈၇ ပိဿာ၊ ကိုက်လန် ၁၈ ပိဿာ၊ မုန်လာဥနီ ၁၅၀ ပိဿာ၊ ငရုတ်ပွ ၁၈ ပိဿာ၊ ဘိုစားပဲ ၁၈ ပိဿာ၊ လက်ဖက်ခြောက် ၅ ပိဿာနှင့် ဂန္ဓာမာပန်း ၇၅ စည်း တို့အား သက်သာသော ဈေးနှုန်းဖြင့် လှည့်လည်ရောင်းချပေးခဲ့ကြောင်းနှင့် အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း ဆက်လက်ရောင်းချ ပေးသွားမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။