ဥပဒေအသိပညာပြန့်ပွားရေးသင်တန်းအမှတ်စဉ်(၅/၂၀၂၅) (သတင်းအပြည့်အစုံ)
ဥပဒေအသိပညာပြန့်ပွားရေးသင်တန်းအမှတ်စဉ်(၅/၂၀၂၅)
(သတင်းအပြည့်အစုံ)
၁။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက်အရ
ကုန်သွယ်ရေးဦးစီးဌာန၊ ကုန်သွယ်မှုပညာပေးရေးဌာနခွဲအနေဖြင့် သင်တန်းများကို တာဝန်ယူအကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။
၂။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရှိ ပြည်ထောင်စုဝန်ကြီးရုံး၊ ကုန်သွယ်ရေးဦးစီး ဌာနနှင့် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့တို့မှ အရာထမ်းများအတွက် ဖွင့်လှစ်သော ဥပဒေအသိပညာ ပြန့်ပွားရေး သင်တန်းအမှတ်စဉ် (၅/၂၀၂၅) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၂၀) ရက်နေ့ နံနက် (၁၀:၀၀) နာရီ အချိန်တွင် ရုံးအမှတ် (၃) မြေညီထပ်ရှိ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ် ခဲ့ပါသည်။
၃။ အဆိုပါ သင်တန်းဖွင့်ပွဲအခမ်းအနားသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးမှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး သင်တန်းဖွင့်ပွဲသို့ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ သင်တန်းနည်းပြများ နှင့် သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း (၉၃) ဦး တက်ရောက်ခဲ့ကြပါသည်။
၄။ အဆိုပါ သင်တန်းတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအတွင်း တာဝန်ထမ်း ဆောင်လျက်ရှိသည့် အရာထမ်းများအား ဥပဒေပညာရပ်များကို သိရှိနားလည်ပြီး နိုင်ငံတော်က ပြဌာန်း ထားသော ဥပဒေများနှင့်အညီ ဥပဒေအား လေးစားလိုက်နာသော နိုင်ငံ့ဝန်ထမ်းကောင်းများ ဖြစ်ပေါ် စေရန်နှင့် သက်ဆိုင်ရာလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ရာမှာ ဥပဒေနှင့်အညီ အကျိုးရှိစွာ လက်တွေ့ အသုံးချ ဆောင်ရွက်နိုင်ခြင်းအားဖြင့် ပေးအပ်သောတာဝန်များကို အမှားအယွင်းနည်းပြီး စွမ်းဆောင်ရည် မြင့်မားစွာ ထမ်းဆောင်နိုင်စေရန်အတွက် ရည်ရွယ်၍ ဖွင့်လှစ်ရခြင်းဖြစ်ပါသည်။
၅။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရှိ အရာထမ်း (၆၀) ဦးတို့ဖြင့် ဥပဒေအသိ ပညာပြန့်ပွားရေးသင်တန်း သင်တန်းအမှတ်စဉ် (၅/၂၀၂၅) ကို ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၂၀) ရက်နေ့မှ ဇန်နဝါရီလ (၃၀) ရက်နေ့အထိ စနေ၊ တနင်္ဂနွေ ပိတ်ရက်များမပါ (၈) ရက်ကြာ ဒေသတွင်းစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဌာနခွဲ အနီးရှိ သင်တန်းခန်းမ၌ ဖွင့်လှစ်ခဲ့ပါသည်။