အပိုင်း (၁) - ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်အဖြစ် မှတ်ပုံတင်ခြင်း

 

မှတ်ပုံတင်ခြင်း

၄။       အောက်ဖော်ပြပါအဖွဲ့အစည်းများသည်ပို့ကုန်သွင်းကုန်လုပ်ငန်းဆောင်ရွက်ရန် ပို့ကုန်/သွင်းကုန် လုပ်ငန်းရှင်မှတ်ပုံတင် ကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနတွင် လျှောက်ထားနိုင်သည် -၁/

 (က)   မြန်မာနိုင်ငံကုမ္ပဏီများအက်ဥပဒေ၊၁၉၅၀ပြည့်နှစ်အထူးကုမ္ပဏီအက်ဥပဒေတို့အရ မှတ်ပုံတင်ထားသော -

အပိုင်း (၂) - ကုန်သွယ်မှုလုပ်ငန်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများ

 

ကုန်သွယ်မှုလုပ်ငန်းများအားကြီးကြပ်ဆောင်ရွက်ခြင်း

၁၈။     ၂၀၁၂ ခုနှစ် ပို့ကုန်သွင်းကုန်ဥပဒေအရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်များကို ကျင့်သုံး၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနသည် ပို့ကုန်သွင်းကုန် လုပ်ငန်းများနှင့် စပ်လျဉ်း သော အမိန့်၊ အမိန့်ကြော်ငြာစာ၊ ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်းများကို လိုအပ်သလို ထုတ်ပြန်၍ ကုန်သွယ်မှု လုပ်ငန်းများ စနစ်တကျရှိစေရန် ကြီးကြပ်ပေးလျက်ရှိပါသည်။ ထို့အပြင် ကုန်သွယ်မှုနှင့် စပ်လျဉ်း၍ အများပြည်သူအား အသိ ပေးရန်ရှိသည်များကိုအခါအားလျော်စွာ သတင်းလွှာများ ထုတ်ပြန်ဆောင်ရွက် လျက်ရှိပါသည်။

အပိုင်း(၃) - ကုန်ပစ္စည်းအမျိုးအစားအလိုက် လိုက်နာဆောင်ရွက်ရန်အချက်များ

 

၁၀၇။  သက်ဆိုင်ရာဌာနမှထောက်ခံချက်ရယူပြီးမှ တင်ပို့/တင်သွင်းရမည့် ကုန်ပစ္စည်းများ

 

စဉ်     ထောက်ခံချက်ထုတ်ပေးမည့်ဌာန              ထောက်ခံချက်ရယူရမည့်ပစ္စည်းများ

(က)    လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန   လယ်ယာထွက်ကုန်ဖြစ်သည့်မျိုးစေ့များ၊ အပင်မှထွက် ရှိသည့်ပစ္စည်းများ၊  ပိုးသတ်ဆေး၊ ဓာတ်မြေသြဇာ

အပိုင်း (၄) - အထွေထွေ

၁၃၅။   ပို့ကုန်သွင်းကုန်လုပ်ငန်း ဆောင်ရွက်နေသူများ အနေဖြင့် ပို့ကုန်သွင်းကုန် ဥပဒေအရ ထုတ် ပြန်ထားသော အမိန့်၊ အမိန့်ကြော်ငြာစာ၊ ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်းများကို ဖောက်ဖျက် ကျူးလွန်ပါက ပို့ကုန်သွင်းကုန်ဥပဒေအရ အရေးယူခြင်းခံရမည်။

၁၃၆။   ဤလုပ်ထုံးလုပ်နည်းများစာအုပ်တွင် မပါဝင်သည့် ထူးခြားသည့် ကိစ္စရပ်များအား စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက သင့်လျော်သည့် နည်းလမ်းဖြင့် ဆောင်ရွက်ခွင့်ပြု မည်ဖြစ်ပါသည်။