Non-Tariff Measures

၁။        တစ်ခုတည်းသောဈေးကွက်နှင့် ထုတ်လုပ်မှုအခြေခံဒေသဖော်ဆောင်ရာတွင် အကောက်ခွန် မဟုတ်သော အတားအဆီးများဖယ်ရှားရေးသည်လည်း အဓိကကဏ္ဍမှ ပါဝင်လျက်ရှိပါသည်။

၂။       အကောက်ခွန်မဟုတ်သော စီမံဆောင်ရွက်မှုများနှင့်စပ်လျဉ်း၍ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ တွင်လည်း တိကျသောအဓိပ္ပါယ်ဖွင့်ဆိုခြင်းမရှိပါ။ ကုလသမဂ္ဂ၏ ကုန်သွယ်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှု ညီလာခံ (United Nations Conference on Trade and Development- UNCTAD) ၏ ဖော်ပြ ချက်အရ အကောက်ခွန် (tariff) မှအပ နိုင်ငံတကာကုန်စည်ကုန်သွယ်မှုတွင် စီးပွားရေးဆိုင်ရာ အကျိုးသက်ရောက်မှုရှိသော မူဝါဒဆိုင်ရာစီမံဆောင်ရွက်မှုများ (Policy Measures) များကို အကောက်ခွန်မဟုတ်သောစီမံဆောင်ရွက်မှုများ Non-Tariff Measures -NTMs များဟု ယေဘုယျသတ်မှတ်ထားပါသည်။

၃။      အာဆီယံကုန်စည်ကုန်သွယ်ရေးသဘောတူညီချက် (ASEAN Trade in Goods Agreeme- nt – ATIGA) အောက်တွင် NTMs များနှင့်စပ်လျဉ်း၍ Chapter 4 ကိုအောက်ပါ Articles များဖြင့် ပါဝင်ပြဌာန်းထားပါသည်-

          (က)    အကောက်ခွန်မဟုတ်သောစီမံဆောင်ရွက်ဆောင်ရွက်များကို ကျင့်သုံးခြင်း (Appli- cation of Non-Tariff Measures) Article 40

          ( ခ )    အရေအတွက် အကန့်အသတ်များကိုဖျက်သိမ်းဖယ်ရှားခြင်း (General Elimina- tion of Quantitative Restrictions) Article 41

      ( ဂ ) အခြားသော အကောက်ခွန်မဟုတ်သော အတားအဆီးများကို ဖျက်သိမ်းဖယ်ရှား ခြင်း (Elimination of Other Non-Tariff Barriers) Article 42

          (ဃ)    နိုင်ငံခြားငွေလဲလှယ်မှုကန့်သတ်ခြင်း (Foreign Exchange Restrictions) Article 43

          ( င )    သွင်းကုန်လိုင်စင်လုပ်ထုံးလုပ်နည်းများ (Import Licensing Procedures) Article 44

၄။         မြန်မာနိုင်ငံသည် အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်သည့်အားလျော်စွာ ပြည်တွင်း၌ ကျင့်သုံးဆောင်ရွက်လျက်ရှိသော NTMs များကို အစိုးရအဖွဲ့သို့ တင်ပြခွင့်ပြုချက်ရယူ၍ ၂၀၀၉ ခုနှစ်တွင် အာဆီယံအတွင်းရေးမှူးချုပ်ရုံးသို့ အသိပေးကြေညာ (notify) ခဲ့ပါသည်။ ဤကဲ့သို့ NTMs များ notify ပြုလုပ်ရာတွင် tariff line များကို HS Code များဖြင့် သတ်မှတ်သကဲ့သို့ (NTMs) များကိုလည်း ၂၀၀၆ ခုနှစ်ကတည်းက စတင်ကျင့်သုံးခဲ့သော UNCTAD Coding System အားလိုက်နာကျင့်သုံးဖော်ပြခဲ့ပါသည်။

၅။        ယခုအခါ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ အဖွဲ့ဝင်နိုင်ငံများအနေဖြင့် ပေးပို့ထားသည့် NTMs များသည် update ပြုလုပ်ရန် လိုအပ်လျက်ရှိရာ အဖွဲ့ဝင်နိုင်ငံများအနေဖြင့် ပြည်တွင်း၌ ကျင့်သုံးလျက်ရှိသော ကုန်သွယ်မှုဆိုင်ရာ policy measures များကို ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့သို့ notify ပြုလုပ်ထားသည်များ၊ အသစ်ပြဌာန်းချက်များ၊ ပြင်ဆင်ရေးဆွဲခြင်းများကို အာဆီယံ၏ NTM Database တွင် Update ပြုလုပ်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၆။        အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ NTM Database ကိုဖော်ပြပါ link တွင် ဝင်ရောက်လေ့လာ နိုင်ပါသည်။

https://atr.asean.org/links/search/?level=1&id_topic=44&src=home

MEMORANDUM OF UNDERSTANDING ON THE IMPLEMENTATION OF NON-TARIFF MEASURES ON ESSENTIAL GOODS UNDER THE HANOI PLAN OF ACTION ON STRENGTHENING ASEAN ECONOMIC COOPERATION AND SUPPLY CHAIN CONNECTIVITY IN.pdf