မြန်မာနိုင်ငံ၏ ကုန်သွယ်မှုမူဝါဒဆန်းစစ်ခြင်း (Trade Policy Review) လုပ်ငန်းစဉ်များ ဆောင်ရွက်မှုအကျဉ်းချုပ်

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ဝင်နိုင်ငံတိုင်းသည် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (World Trade Organization – WTO) မှချမှတ်ထားသော အခြေခံမူများ၊ စည်းမျဉ်းစည်းကမ်းများ၊ လုပ်ထုံးလုပ်နည်းများနှင့် သဘောတူညီချက်များကို လိုက်နာအကောင်အထည်ဖော်ဆောင် ရွက်ရန် တာဝန်ရှိပါသည်။ အဆိုပါတာဝန်များတွင် အဖွဲ့ဝင်နိုင်ငံတိုင်း၏ကုန်သွယ်မှုမူဝါဒများကို လေ့လာဆန်းစစ်၍ ကျန်အဖွဲ့ဝင်နိုင်ငံ များသို့ ထင်သာမြင်သာရှိစေရန်ချပြဆောင်ရွက်ရသည့် ကုန်သွယ်မှုမူဝါဒဆန်းစစ်ခြင်းလုပ်ငန်းစဉ် (Trade Policy Review- TPR) သည်လည်း တစ်ခုအပါအဝင်ဖြစ်ပါသည်။