အမိန့်ကြော်ငြာစာများ

အသေးစားအလတ်စား စက်မှုလုပ်ငန်းများအပါအဝင် စက်မှုကုန်ထုတ်လုပ်ငန်းများ တည်ထောင်ဆောင်ရွက်ရာတွင် အထောက်အကူဖြစ်စေရန်အတွက် ရင်းနှီးမြှုပ်နှံမှု ကုန်ကျစရိတ် သက်သာစေရန် အသုံးပြုနိုင်သည့် ပြုပြင်ထားခြင်း မရှိသော စက်ပစ္စည်း (Used Machine) များကို ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ ပထမစမ်းသပ်ကာလအဖြစ် တင်သွင်းခွင့်ပြုခဲ့ရာမှ ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ ဒုတိယနှစ်အဖြစ် ဆက်လက်၍ တင်သွင်းခွင့်ပြုလိုက်သည်။

ထုတ်လုပ်တင်ပို့သူကိုယ်တိုင် ပင်ရင်းထုတ်ကုန်ဖြစ်ကြောင်း ကြေညာသည့်စနစ် (Self-Certification System) ကို ကျင့်သုံးဆောင်ရွက်ရာတွင် လိုက်နာရမည့်စည်းကမ်းများကို ထုတ်ပြန်ကြေညာခြင်း

ယခင်က နိုင်ငံခြားသား ကုမ္ပဏီများအား ကုန်သွယ်ခွင့်မပြုဘဲ ဝန်ဆောင်မှု လုပ်ငန်းများကိုသာ ခွင့်ပြုခဲ့ရာမှ ယခုအခါ ကုန်သွယ်မှုနှင့် ပတ်သက်သည့် လုပ်ထုံးလုပ်နည်းများ ကမ္ဘာကုန်သွယ်ရေးအဖွဲ့၏ စည်းမျဉ်းများအရ လည်းကောင်း၊ လက်ရှိ ပြောင်းလဲလာသော စီးပွားရေး အခြေအနေများအရ နိုင်ငံခြားမှ လာရောက်ရင်းနှီးမြုပ်နှံလိုသူများ၊ စီးပွားရေးလုပ်ငန်း လာရောက်လုပ်ကိုင်လိုသူများ များပြားလာမှုအရ လည်းကောင်း ပြည်တွင်းလိုအပ်ချက်ကို အခြေခံ၍ ကုန်သွယ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ပြီး နိုင်ငံ၏ စိုက်ပျိုးရေးနှင့် ပြည်သူများ၏ ကျန်းမာရေး ကဏ္ဍအတွက် အဓိကအရေးကြီးပြီး ဈေးကွက်လိုအပ်ချက်ရှိသည့် ဓါက်မြေသြဇာ၊ မျိုးစေ့၊ ပိုးသတ်ဆေးနှင့် ဆေးရုံသုံး ကိရိယာများကို နိုင်ငံခြားသားဖက်စပ် ကုမ္ပဏီများအား ကုန်သွယ်ခွင့်ကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ၁၁-၁၁-၂၀၁၅ ရက်စွဲပါ အမိန့်ကြေငြာစာအမှတ် (၉၆/၂၀၁၅) ဖြင့်ထုတ်ပြန်လိုက်ပါသည်။

အမိန့်ကြော်ငြာစာအမှတ် ၉၃/၂၀၁၅ ဖြင့် ထုတ်ပြန်လိုက်သော မြန်မာနိုင်ငံ၏ ပို့ကုန်သွင်းကုန် ဆိုင်ရာ လုပ်ထုံးလုပ်နည်းများ (၂၀၁၅) သတ်မှတ် ထုတ်ပြန်သည့် အမိန့်

သွင်းကုန်လိုင်စင် ပြန်လည်လျှောက်ထားရယူရမည့် ကုန်စည်လိုင်း (၃) လိုင်းနှင့် အကျုံးဝင်သည့် ကုန်စည်များအား (၃၀-၁၀-၂၀၁၅) ရက်နေ့မှစ၍ သွင်းကုန်လိုင်စင် လျှောက်ထားရန် ကြေငြာချက်ထုတ်ပြန်ခြင်း

မြန်မာနိုင်ငံ၏ HS Code 2012 Version အရ ကုန်စည်လိုင်းပေါင်း (၄၄၀၅) လိုင်းအား သွင်းကုန်လိုင်စင် လျှောက်ထားရန် လိုအပ်သည့် ကုန်စည်စာရင်း (Negative List) အဖြစ် ထုတ်ပြန်ကြေငြာခြင်း

အမိန့်ကြော်ငြာစာအမှတ် ၂၀/၂၀၁၅ ဖြင့် ထုတ်ပြန်လိုက်သော ၂၀၁၅ ခုနှစ်၊ ပြက္ခဒိန်နှစ်အတွက် မော်တော်ယာဉ် အရောင်းပြခန်း (Show Room)တွင် ရောင်းချရန် မော်တော်ယာဉ်များကို တင်သွင်းလာသူများ လိုက်နာရမည့် စည်းကမ်းချက်များ

အမိန့်ကြော်ငြာစာအမှတ် ၁၉/၂၀၁၅ ဖြင့် ထုတ်ပြန်သော ၂၀၁၅ ခုနှစ်၊ ပြက္ခဒိန်နှစ်အတွက် မော်တော်ယာဉ် အရောင်းစင်တာများတွင် ရောင်းချရန် မော်တော်ယာဉ်များကို အပ်ကုန်စနစ် (Consignment Basic) ဖြင့် တင်သွင်းလာသူများ လိုက်နာရမည့် စည်းကမ်းချက်များ

မြန်မာ-တရုတ် ၊ မြန်မာ-အိန္ဒိယ နယ်စပ်များတွင် ရောင်းချသည့်ငွေကြေးဖြင့် အခွန်ပေးဆောင်ရန် ထုတ်ပြန်ထားသော (၅/၂၀၀၀) နှင့် (၆/၂၀၀၀) တို့အား ပယ်ဖျက်ကြောင်းကြေညာသည့် အမိန့်ကြော်ငြာစာ

Pages

သတင်းအချက်အလက်များ