ကုန်သွယ်မှုမူဝါဒဆန်းစစ်ခြင်းဆိုင်ရာပထမအကြိမ် အသိပညာပေးအလုပ်ရုံဆွေးနွေးပွဲ မှတ်တမ်းဓါတ်ပုံများ

မြန်မာနိုင်ငံ၏ ဒုတိယအကြိမ် ကုန်သွယ်မှုမူဝါဒဆန်းစစ်ခြင်းဆိုင်ရာပထမအကြိမ် အသိပညာပေးအလုပ်ရုံဆွေးနွေးပွဲကျင်းပပြုလုပ်

 စီးပွားရေးနှင့် ကူးသန်းရောင်း၀ယ်ရေး၀န်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနနှင့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့တို့ပူးပေါင်း၍မြန်မာနိုင်ငံ၏ ဒုတိယအကြိမ် ကုန်သွယ်မှုမူဝါဒဆန်းစစ်ခြင်းဆိုင်ရာပထမအကြိမ် အသိပညာပေးအလုပ်ရုံဆွေးနွေးပွဲကို ၂၀၁၉ ခုနှစ်၊ ဧပြီလ (၅၊၉ နှင့်၁၀)ရက်နေ့တို့တွင် Park Royal Hotel၊ နေပြည်တော်၌ ကျင်းပပြုလုပ်ခဲ့ရာအဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ ကုန်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ နိုင်ငံတကာကျွမ်းကျင်ပညာရှင်ဖြစ်သူ Ms. Andrea Ruth Spear နှင့် ကုန်သွယ်မှုနှင့်ဆက်စပ်သောဦးစီးဌာနများ၊ ပုဂ္ဂလိကအဖွဲ့အစည်းများစုစုပေါင်း (၁၀၀)ဦးတက်ရောက်ခဲ့ကြပါသည်။

အဆိုပါအလုပ်ရုံဆွေးနွေးပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်မှာပထမအကြိမ် ကုန်သွယ်မှုမူဝါဒဆန်းစစ်ခြင်းတွင်ပါဝင်သည့် အကြံပြုချက် (recommendation)ပါ ဆက်လက်ဆောင်ရွက်ရမည့်ကိစ္စရပ်များနှင့် ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ (၁၂) ရက်နေ့မှ (၁၄) ရက်နေ့အထိကျင်းပပြုလုပ်သွားမည့်  မြန်မာနိုင်ငံ၏ ဒုတိယအကြိမ် ကုန်သွယ်မှုမူဝါဒဆန်းစစ်ခြင်းအစည်းအဝေးကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာဌာနများမှ ကုန်သွယ်မှုနှင့်သက်ဆိုင်သည့် အပြောင်းအလဲများ၊ မူဝါဒများ၊ ရှေ့ဆက်ဆောင်ရွက်သွားရမည့် အစီအစဉ်များအားသိရှိရန်နှင့် လိုအပ်သည်များကိုအသိပညာဖြန့်ဝေပေးနိုင်ရေးအတွက် ဖြစ်ပါသည်။