EIF အစီအစဉ်ဆိုင်ရာ ဒုတိယအကြိမ်မြောက် ဘတ်ဂျတ် ညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်

EIF အစီအစဉ်ဆိုင်ရာ ဒုတိယအကြိမ်မြောက် ဘတ်ဂျတ်ညှိနှိုင်းအစည်းအဝေးကို  ကုန်သွယ်ရေး ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် က ဦးဆောင်၍ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၁၀ရက်၊ နံနက် ၁၀:၀၀ နာရီတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ တိုးချဲ့အစည်းအဝေး ခန်းမ(၃)တွင် ကျင်းပခဲ့ပါသည်။

အဆိုပါ အစည်းအဝေးသို့ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့်အတူ သက်ဆိုင်ရာဌာနအသီးသီးမှ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ စီမံကိန်းနှင့် သက်ဆိုင်သည့် ကျွမ်းကျင် ပညာရှင်များက တက်ရောက်ဆွေးနွေးခဲ့ပါသည်။