M- STEP စီမံကိန်း၏ Sub –Component ဖြစ်သည့် STIP အကောင်အထည် ဖော်ဆောင်ရွက်ရန် တင်ဒါ ခေါ်ယူနိုင်ရေးအစည်းအဝေးကျင်းပ

Myanmar Services Trade Enhancement Project (M-STEP) စီမံကိန်း၏ Sub – Component ဖြစ်သည့် Services Trade and Investment Portal (STIP) အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် အဓိက အကောင်အထည်ဖော်မည့် အဖွဲ့အစည်း အား တင်ဒါခေါ်ယူနိုင်ရေး အစည်းအဝေးတစ်ရပ်ကို ၂၀၂၀ပြည့်နှစ် ဇူလိုင်လ ၁၆ရက်က စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန၊ တိုးချဲ့ အစည်းအဝေး ခန်းမတွင် ပြုလုပ်ကျင်းပ ခဲ့သည်။

အဆိုပါ အစည်းအဝေးကို ကုန်သွယ်ရေးဦးစီးဌာနမှ အရည်အသွေး စိစစ်အကဲဖြတ်ရေးအဖွဲ့၊ နည်းပညာ စိစစ်အကဲဖြတ်ရေးအဖွဲ့ နှင့် ဘဏ္ဍာရေး စိစစ်အကဲဖြတ်ရေးအဖွဲ့ တို့မှ တာဝန်ရှိသူများနှင့် Request for Proposal (RFP) အဆိုပြုလွှာ တင်သွင်းထား သည့် ကုမ္ပဏီများဖြစ်သည့် Information Matrix Company ၊ Indra Solution Myanmar Co.,Ltd နှင့် Integrated Trading Co.,Ltd စသည်တို့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

အစည်းအဝေးတွင် ကုန်သွယ်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကိုကိုလေးမှ အစည်းအဝေး ကျင်းပပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ရှေးဦးစွာ အဖွင့်အမှာ စကားပြောကြားခဲ့သည်။ ၎င်းနောက် Project Procurement Expert ဦးကိုကိုအောင်မှ STIP Component အတွက် အကဲဖြတ်ရေး အဖွဲ့အလိုက် အမှတ်ပေးစည်းမျဉ်းများနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် RFP အဆိုပြုလွှာတင်သွင်းထားသည့် ကုမ္ပဏီများမှ ကိုယ်စားလှယ်များက ၎င်းတို့၏ အဆိုပြုလွှာများ အပေါ် တစ်ဖွဲ့ချင်းစီ အလိုက် Powerpoint Presentation ဖြင့် ရှင်းလင်း တင်ပြခဲ့ရာ စိစစ်အကဲဖြတ်ရေးအဖွဲ့သုံးဖွဲ့မှ တာဝန်ရှိသူများက သိလိုသည်များ၊ လိုအပ်သည့် စာရွက်စာတမ်းများ၊ ဆောင်ရွက်မည့် လုပ်ငန်းအခြေအနေများနှင့် ပတ်သက်၍ မေးမြန်းဆွေးနွေးခဲ့ကြသည်။