၁။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ၊ ကုန်သွယ်ရေးဦးစီးဌာန၊ ကုန်သွယ်မှု သင်တန်းကျောင်း (ရန်ကုန်) တွင် ၂၀၂၄ ခုနှစ် ၊ ဧပြီလ (၂၇) ရက်မှစ၍ ဖွင့်လှစ်သင်ကြားလျက် ရှိသော အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုအခြေခံသင်တန်း (စနေ၊တနင်္ဂနွေ) အမှတ်စဉ်-၉ မှ သင်တန်းသား/သူ (၇၆)ဦး၊ ကုန်သွယ်မှုသင်တန်းကျောင်းမှ အုပ်ချုပ်သူ (၂) ဦး၊ စုစုပေါင်း (၇၈) ဦး တို့သည် ၂၀၂၄ ခုနှစ် မေလ ၂၃ ရက်နေ့ (ကြာသပတေးနေ့) တွင် သီလဝါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ၊ မြန်မာအပြည်ပြည်ဆိုင်ရာဆိပ်ကမ်း (သီလဝါ)နှင့် Wilmar Myanmar Limited တို့သို့ လေ့လာရေးခရီး သွားရောက်ခဲ့ကြပါသည်။
၂။ သီလဝါအထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီသို့ နံနက် (၀၉:၀၀) နာရီအချိန်တွင် စတင်ရောက်ရှိခဲ့ရာ သီလဝါအထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီ အတွင်းရေးမှူး ဒေါ်စိုးစိုးအေး က အထူးစီးပွားရေးဇုန်အကြောင်း အသေးစိတ်ရှင်းလင်းပြောကြားခဲ့ပြီး OSS မှ တာဝန်ရှိသူများက သင်တန်းသား၊ သင်တန်းသူများ၏ သိလိုသည်များကို ရှင်းလင်းဖြေကြားခဲ့ပါသည်။
၃။ ထို့နောက် အထူးစီးပွားရေးဇုန်အတွင်းရှိ RK Yangon Steel Co., Ltd. အား လှည့်လည် ကြည့်ရှုလေ့လာခဲ့ပြီး သင်တန်းသား၊ သင်တန်းသူများ၏ သိလိုသည်များကို တာဝန်ခံများက ရှင်းလင်း ဖြေကြားခဲ့ပါသည်။
၄။ ဆက်လက်၍ Wilmar Myanmar Limited. အတွင်းရှိ Wilmar Myanmar Edible Oil Limited. အား လှည့်လည်ကြည့်ရှုလေ့လာခဲ့ပြီး သင်တန်းသား၊ သင်တန်းသူများ၏ သိလိုသည်များကို တာဝန်ခံများက ရှင်းလင်းဖြေကြားခဲ့ပါသည်။
၅။ ထိုသို့ သွားရောက် လေ့လာခဲ့ပြီး ညနေ (၁၆:၀၀) အချိန်တွင် ရုံးချုပ်သို့ ပြန်လည်ရောက်ရှိခဲ့ပါသည်။