Slogan here ... As you work in your image, you specify colors using one of the color models.

www.tradetraininginstitute.com

Trip

Error message

  • Deprecated function: Creation of dynamic property DateObject::$timeOnly is deprecated in DateObject->__construct() (line 222 of /data/websites/commerce/tti/sites/all/modules/date/date_api/date_api.module).
  • Deprecated function: Creation of dynamic property DateObject::$dateOnly is deprecated in DateObject->__construct() (line 223 of /data/websites/commerce/tti/sites/all/modules/date/date_api/date_api.module).
  • Deprecated function: Creation of dynamic property DateObject::$originalTime is deprecated in DateObject->__construct() (line 226 of /data/websites/commerce/tti/sites/all/modules/date/date_api/date_api.module).
  • Deprecated function: Creation of dynamic property DateObject::$timeOnly is deprecated in DateObject->__construct() (line 222 of /data/websites/commerce/tti/sites/all/modules/date/date_api/date_api.module).
  • Deprecated function: Creation of dynamic property DateObject::$dateOnly is deprecated in DateObject->__construct() (line 223 of /data/websites/commerce/tti/sites/all/modules/date/date_api/date_api.module).
  • Deprecated function: Creation of dynamic property DateObject::$originalTime is deprecated in DateObject->__construct() (line 226 of /data/websites/commerce/tti/sites/all/modules/date/date_api/date_api.module).
  • Deprecated function: Creation of dynamic property DateObject::$timeOnly is deprecated in DateObject->__construct() (line 222 of /data/websites/commerce/tti/sites/all/modules/date/date_api/date_api.module).
  • Deprecated function: Creation of dynamic property DateObject::$dateOnly is deprecated in DateObject->__construct() (line 223 of /data/websites/commerce/tti/sites/all/modules/date/date_api/date_api.module).
  • Deprecated function: Creation of dynamic property DateObject::$originalTime is deprecated in DateObject->__construct() (line 226 of /data/websites/commerce/tti/sites/all/modules/date/date_api/date_api.module).
Tuesday, January 10, 2023

၁။      ကုန်သွယ်မှုသင်တန်းကျောင်း(ရန်ကုန်)တွင်ဖွင့်လှစ်သင်ကြားလျက်ရှိသော အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုအခြေခံသင်တန်း (စနေ၊ တနင်္ဂနွေ) အမှတ်စဉ်-၆ မှ သင်တန်းသား/သူ (၃၈)ဦး၊ ကုန်သွယ် မှုသင်တန်းကျောင်းမှ အုပ်ချုပ်သူ(၂)ဦး၊ စုစုပေါင်း (၄၀) ဦးတို့သည် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၅ ရက် (ကြာသပတေး) နေ့တွင် ဆန်စပါးကုန်စည်ဒိုင်(ဝါးတန်း)၊ ဘုရင့်နောင်ကုန်စည်ဒိုင်၊ အာကာဦးပဲခွဲစက် ၊ ဧရာဟင်္သာ ဆန်စက်ရုံ တို့သို့ လေ့လာရေးခရီး သွားရောက်ခဲ့ကြပါသည်။

၂။       နံနက် ၈:၀၀ နာရီအချိန်တွင် ရန်ကုန်မြို့ ၊ လသာမြို့နယ်ရှိ ဆန်စပါးကုန်စည်ဒိုင်(ဝါးတန်း) သို့ သွားရောက်လေ့လာရာတွင် ဆန်စပါးကုန်စည်ဒိုင်(ဝါးတန်း) အသင်းကို (၁၉၉၀) ခုနှစ် မှစတင်ဖွဲ့စည်းခဲ့ကြောင်း၊  အသင်း၏ အဓိကရည်ရွယ်ချက်မှာ ပြည်တွင်းစားသုံးသူများအတွက်ဆန်ဈေးနှုန်း တည်ငြိမ်မှု ရှိစေရေး၊ ဈေးနှုန်းမှန်ကန်မှုရှိစေရေး၊ ဆန်ကုန်သည်များအချင်းချင်း စိတ်ချယုံကြည်စွာဖြင့် ရောင်းမှား ဝယ်မှားမဖြစ်စေရေး၊ ကြားခံဆောင်ရွက် ဖြေရှင်းပေးခြင်းတို့ကို တပတ် (၅) ရက် တနင်္လာနေ့မှ သောကြာနေ့အထိ  အဓိကဆောင်ရွက်ပေးကြောင်း၊  ကုန်စည်ဒိုင်သည် အဓိကပြည်တွင်းဈေးကွက်ကို ဦးတည်သည်ဖြစ်သည့်အလျောက် အဆင့်တန်းမြင့်ဆန်များဖြစ်သည့် ဧရာဝတီပေါ်ဆန်း၊ ရွှေဘိုပေါ်ဆန်းစသည့် ဆန်များကိုအဓိကရောင်းဝယ်ရာ‌နေရာဖြစ်ပြီး လိုင်းပေါင်း (၁၀)လိုင်းခန့် ရောင်းဝယ် ကြပါသည်။ ဆန်အဝင်အထွက်မှာ နေ့ရက်ပေါ်မူတည်၍ အပြောင်းအလဲရှိပါသည်။ အထူးသဖြင့် တနင်္လာနေ့တွင် အဝင်များပြီး ၊ တရက်ကို ဆန်အိတ် ငါးသောင်း (၅၀,၀၀၀) ခန့် ဝင်ရောက်ကာ အရောင်းအဝယ် ဖြစ်လေ့ရှိပြီး ဈေးစဖွင့်သည့်နေ့ဟုအကြမ်းဖျင်း မှတ်ယူဆောင်ရွက်ကြလေ့ရှိပါ ကြောင်း၊ တိုင်းနှင့်ပြည်နယ်အားလုံးမှာ ဆန်စပါးအသင်းဖွဲ့စည်းထားသောကြောင့် ဆန်စပါးကုန်စည်ဒိုင် (ဝါးတန်း)မြို့နယ်အသင်းတွင် အသင်းဝင်တစ်ဦးဖြစ်လိုပါက(‌မိမိဒေသရှိ)သက်ဆိုင်ရာမြို့နယ်ရှိဆန်စပါး အသင်းဖွဲ့မှ ထောက်ခံပေးရမည့်အပြင် ဆန်စပါးကုန်စည်ဒိုင်(ဝါးတန်း)မြို့နယ်အသင်းဝင်နှစ်ဦး၏ ထောက်ခံချက်၊ လုပ်ငန်းလိုင်စင်၊ သန်းခေါင်စာရင်း၊ မှတ်ပုံတင်စသည်တို့ဖြင့် အချက်အလက်ပြည့်စုံ သူများကိုသာ အသင်းဝင်အဖြစ် လက်ခံခြင်းအားဖြင့် ယုံကြည်ရသော အရောင်းအဝယ်သမားများကို စုစည်းထားပါကြောင်း၊ လက်ရှိ အချိန်အထိ အသင်းဝင် (၃၀၀၀) ခန့်ရှိပြီး နှစ်စဉ်ကြေး၊ အသင်းဝင်ကြေး၊ ဧည့်ဝင်ကြေးများဖြင့် ရပ်တည်လျက်ရှိကြောင်းရှင်းလင်းပြောကြားခဲ့ပါသည်။

၃။     ထို့ပြင် အသင်းဝင်များသည် အများအားဖြင့် ပွဲရုံပိုင်ရှင်၊ စက်ပိုင်ရှင်၊ လက်လီအရောင်း ကုန်သည်၊ အကျိုးတော်ဆောင်များဖြစ်ကြကြောင်း၊ ကုန်စည်ဒိုင်သည် အသင်းဝင်များနှင့် လေ့လာသူ များကိုသာ အဝင်အထွက် ပြုလုပ်ခွင့်ပေးထားပြီး ကန့်သတ်ထားခြင်းဖြင့် အမှန်တကယ်ရောင်းဝယ် သောသူများနှင့်သာ ယုံကြည်စိတ်ချစွာ တွေ့ဆုံနိုင်ရန် ဖန်တီးထားကြောင်း၊ ထို့ပြင် အရည်အချင်း ပျက်ယွင်းသော အသင်းဝင်များကိုလည်း အမည်ပျက်စာရင်းသွင်း၍ ၄င်းအားအသင်းဝင်အဖြစ်မှ ပယ်ထုတ်ကာ လိုအပ်သည့် စစ်ဆေးအရေးယူမများဖြင့် စိစစ်ဆောင်ရွက်ပါကြောင်း ၊ အမည်ပျက်စာရင်းသွင်းခံရသူ ရုံးအသိပေးသင်ပုန်းတွင် ကြေငြာပေးခြင်းဖြင့် အသင်းဝင်များအား အသိပေးထား ကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။

၄။       လက်ရှိတွင် အသင်း၏ ဆောင်ရွက်ချက်များအနေဖြင့် ၂၀၂၂ ဩဂုတ်လ မှ အောက်တိုဘာလ အတွင်း အကြောင်းအမျိုးမျိုးကြောင့် ကြီးမြင့်လာသော ဆန်ဈေးနှုန်း တည်ငြိမ်စေရန် အသင်းဝင်များ၏ အင်အားဖြင့် ကျပ်ငွေသိန်း‌‌ (၅၀၀၀) ခန့် အရှုံးခံရောင်းချပေးခဲ့ပါကြောင်း၊ နှစ်စဉ် ဝါဆိုကထိန် အလှူ များပြုလုပ်ခြင်းများကိုလည်း ကျပ်ငွေသိန်း‌‌ (၂၀၀၀)ခန့် လှူဒန်းခဲ့ပါကြောင်း၊ အသင်းမှ ဌာနပေါင်း (၂၀) ကျော်ကို‌နေ့စဉ် ဆန်ဈေးနှုန်းများ ပေးပို့လျက်ရှိပါကြောင်း၊ World Food Program (WFP) နှင့် ပူးပေါင်း ၍ လစာ ကျပ်ငွေ ၂ သိန်း‌‌ (၂၀၀,၀၀၀) အောက် ဝင်ငွေနည်းမိသားစုများကို အထူး သက်သာသောနှုန်း ဖြင့်ရောင်းချနိုင်ရန် (Good Rice Good Price) ဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်းပြောကြားပါသည်။

၅။       ထို့နောက် နံနက် ၁၀:၃၀ အချိန်ခန့်တွင် ရန်ကုန်မြို့၊ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်း ရှင်များအသင်း ၊ ဘုရင့်နောင်ကုန်စည်ဒိုင်သို့ သွားရောက်လေ့လာခဲ့ရာ ဘုရင့်နောင်ကုန်စည်ဒိုင်သည် (၁၉၉၂) ခုနှစ်တွင် ယခုလက်ရှိ ဘုရင့်နောင်ကုန်စည်ဒိုင်၌ဖွင့်လှစ်ခဲ့ပါကြောင်း၊ ယခင် (၁၉၉၁) က လသာဗိုလ်ရွဲလမ်း၌ စတင်ခဲ့သော်လည်း နေရာအခက်အခဲနှင့် ကုန်စည်များ ပိုမို‌သိုလှောင် ရောင်းချရန် အလို့ငှာ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်ကြောင်း၊ အဓိက ပို့ကုန်များမှာ ပဲမျိုးစုံ၊ ငါးပိ၊ငါးခြောက်၊ ရေထွက် ပစ္စည်း များ ဖြစ်ပြီး ကုန်အများစုသည် ပြင်တွင်းပို့ကုန်ထက် ပြည်ပပို့ကုန် ပိုမိုများပြားပါကြောင်း၊ ကုန်စည်ဒိုင် အသင်းအနေဖြင့် ကုန်စည်များရောင်းချရာတွင် ဈေးနှုန်း၊ အရည်အသွေး၊ အာမခံချက်များ ရှိစေရန် ကြားခံဆောင်ရွက်ပြီး ကုန်သည်များ ရောင်းမှားဝယ်မှား အန္တရာယ် နည်းပါးစေရန်၊ အသင်းဝင်ကုန်သည် များ၏ လိုအပ်ချက်များ အစိုးရသို့ တင်ပြတောင်းဆိုရာတွင် အင်အားတစ်ရပ်ဖြစ်ရန်၊ အခြားသော အသင်းအဖွဲ့များနှင့် ပူပေါင်းဆောင်ရွက်ရန်၊ ဒေသအစုံမှ ကုန်သည်များ စုစည်းမိစေရန် စသည့် ရည်ရွယ်ချက်များဖြင့် လုပ်ဆောင်လျက်ရှိပါကြောင်း၊ အသင်းဝင်တစ်ဦးဖြစ်ရန် ‌‌အသင်းဝင်သုံးဦး၏ ထောက်ခံချက်၊ လုပ်ငန်းလိုင်စင်၊ company extract၊ သန်းခေါင်စာရင်း၊ မှတ်ပုံတင်၊ ပိုင်ဆိုင်မှု မှတ်တမ်း၊ စသည်တို့ဖြင့် အချက်အလက် ပြည့်စုံသူများကိုသာ အသင်းဝင်အဖြစ် လက်ခံခြင်းအားဖြင့် ယုံကြည်ရ သော အရောင်းအဝယ်သမားများကို စုစည်းထားပါကြောင်း၊ ရုံးအသိပေး သင်ပုန်းတွင် (၇) ရက် ကြေငြာ ပေးပြီး ကန့်ကွက်သူမရှိမှသာ အသင်းဝင်အဖြစ် လက်ခံ၍ အသင်းဝင်လိုပါက အသင်းသို့ အလှူငွအဖြစ် ကျပ်ဆယ်သိန်း၊ အသင်းဝင်ကြေးက ကျပ်တစ်သိန်း ၊ နှစ်စဉ်ကြေးအဖြစ်ကျပ် သုံးသောင်း၊ စာရွက်စာတမ်း ကြေး ကျပ်ငွေ ၂၅၀၀ ဖြင့်ပြီး စုစုပေါင်းကုန် ကျပ်ငွေ (၁၁,၃၂,၅၀၀) ဖြင့် အသင်းဝင်နိုင် ပါကြောင်း ရှင်းလင်းပြောကြားပါသည်။

၆။     ထို့နောက် အသင်း၏ဆောင်ရွက်ချက်များအနေဖြင့် အသင်းသည် အလုပ်အမှုဆောင်အဖွဲ့ ၄ ဖွဲ့ ခွဲ၍ ဒုဥက္ကဌ (၁) ဦးစီ ဦးဆောင်ကာ စည်းကမ်းထိန်းသိမ်းရေး၊ ဈေးနှုန်းညှိုနှိုင်းသတ်မှတ်ရေး (FOB Rate)၊ ပြန်ကြားရေး၊ ရောင်းဝယ်မှုမှတ်တမ်း ထိန်းသိမ်းရေးစသည်ဖြင့်ဖွဲ့စည်းထားပါကြောင်း၊ ရောင်းဝယ်မှုအပိုင်းတွင် လက်ငင်းငွေချေစနစ်  (physical trade) နှင့် စရံပေးငွေချေစနစ် (forward trade) ဟူ၍ရှိရာတွင် ကုန်စည်ဒိုင်အသင်းအနေဖြင့် အရောင်း အဝယ်မှတ်တမ်း ပြုစုခြင်း၊ ကြားခံအာမခံ အနေဖြင့်ဆောင်ရွက်ခြင်းများပြုလုပ်ပေးပါကြောင်း၊ အထူးသဖြင့် forward trade ပြုလုပ်ရာတွင် ရောင်းသူဘက် မှ ၁၀ ရာခိုင်နှုန်း ဝယ်ယူသူထံမှ ၁၀ ရာခိုင်နှုန်း စပေါ်ငွေ အဖြစ်လက်ခံဆောင်ရွက်ပြီး ရက် ၃၀ ငွေချေ စနစ် ရက်၆၀ ငွေချေစနစ် စသည်ဖြင့် အရောင်းအဝယ်စနစ်တကျ စိတ်ချယုံကြည်စွာ ဆောင်ရွက်နိုင်ရန် ကြားခံဆောင်ရွက်ပေးလျက်ရှိပြီး အသင်းအနေဖြင့် ဈေးကွက်ပေါက်ဈေး သတင်း အချက်အလက်များကိုတစ်ပတ်လျှင်နှစ်ကြိမ် ထုတ်ပြန်ပေးပို့လျက်ရှိကြောင်းရှင်းလင်းပြောကြားပါသည်။

၇။     နေ့လည် (၁၃:၀၀) အချိန်တွင် လိင်သာယာမြို့နယ်ရှိ အာကာဦးပဲခွဲစက်သို့ သွားရောက်လေ့လာ ခဲ့ရာ အာကာဦးပဲခွဲစက်သည် (၁၉၉၀) တွင်စတင်လုပ်ကိုင်ပြီး (၁၉၉၇) တွင်ယခု လက်ရှိ အဆင့်မြင့်ပဲခွဲ စက်ရုံကို တည်ထောင် လုပ်ကိုင်လျက်ရှိကြောင်း၊ ရင်းနှီးမြုပ်နှံမှု တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ခုနစ်သန်းခန့် ရှိပါသည်။ စက်ရုံစတင်ချိန်သည်အချိန် အခြေအနေကောင်း ကြုံခဲ့သည်ဟုသုံးသပ်ရပါကြောင်း၊ အကြောင်းမှာ အိမ်နီးချင်း အိန္ဒိယနိုင်ငံ၏ ပဲတင်ပို့မှု ရပ်ဆိုင်းလိုက်ခြင်းမူဝါဒ အပြောင်းအလဲနှင့်အတူ မြန်မာနိုင်ငံ ဈေးကွက် စီးပွားရေးမူဝါဒ အပြောင်းအလဲ အခြေအနေများသည် စက်ရုံဖွံ့ဖြိုး အဆင့်မြှင့် တင်ရာတွင် အခွင့်အလမ်းကောင်းများ၊ ပဲဈေးကွက် ပိုမိုရရှိလာမှုတို့နှင့် ဆုံတွေ့ခဲ့ရပါကြောင်း၊ စက်ရုံသည်လက်ရှိတွင် ဝယ်ယူသူ၏ စိတ်ကြိုက်မှာယူမ အလိုက် ပဲအမျိုးအစား အမျိုးမျိုးကို အရည် အသွေးအမျိုးမျိုး အဆင့်ဆင့်သန့်စင်ခြင်း ၊ ထုတ်ပိုးမပုံစံအမျိုးမျိုးများ ပြုလုပ်ဆောင်ရွက်ကာ ပြည်ပ နိုင်ငံများသို့ တင်ပို့လျက်ရှိပါကြောင်း၊ အဓိက ဈေးကွက်မှာ အိမ်နီးချင်း အိန္ဒိယနိုင်ငံအပြင် အမေရိကန်နိုင်ငံ အပါအဝင် ဥရောပနိုင်ငံများကို ပါတင်ပို့နေပြီး အဓိကပို့ကုန်မှာ ပဲတီစိမ်း၊ ပဲစဉ်းငုံ၊ မတ်ပဲ အမျိုးအစားများ ဖြစ်ကြောင်း၊ စက်ရုံဘေးထွက် ပစ္စည်းဖြစ်သော ပဲခွံများကို ပြည်တွင်း တိရိစ္ဆာန် အစာအဖြစ် ပြန်လည် အသုံးပြုခြင်း ဖြင့် နိုင်ငံခြားငွေကုန်ကျမှု အထိုက်အလျောက် နိုင်ငံတော်အတွက် သက်သာစေပါကြောင်း၊ စက်ရုံများ၏ အဓိက အခက်အခဲမှာ လျှပ်စစ်ဓါတ်အား ပြတ်တောက်မှု ၊ လောင်စာဆီ ဈေးကြီးမြင့်မှု၊ ငွေကြေးလဲလှယ်မှု ဈေးကွာဟချက်များဖြစ်ကြောင်း ရှင်းလင်းပြောကြားပါ သည်။

၈။       နေ့လည် (၁၄:၃၀) အချိန်တွင် လိင်သာယာမြို့နယ်ရှိ ဧရာဟင်္သာဆန်စက်သို့ သွားရောက်လေ့လာ ခဲ့ရာ ဧရာဟင်္သာဆန်စက်သည် အဓိက ပြည်ပဆန်တင်ပို့မှုပြုလုပ်ပြီး ပိုလျှံသောဆန်များကို ပြည်တွင်း ဈေးကွက်သို့ တင်ပို့ကြောင်း၊ အဓိက တင်ပို့ဆန်များမှာ ဧည့်မထ၊ ကရင်မ၊ ဆန်ကွဲ (Sortex 1 2) တို့ဖြစ်ပြီး အိမ်နီးချင်း တရုတ်နိုင်ငံ၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံများသို့ တင်ပို့လျက်ရှိကြောင်း၊ ဆန်အရည် အသွေးနှင့် ပတ်သက်၍ ဝယ်ယူသူ စိတ်ကြိုက်အမှာစာအတိုင်း ဓါတ်ခွဲအဖြေများနှင့်အတူ တင်ပို့ ရောင်းချပါကြောင်း၊ စက်ရုံတွင် အရည်အသွေးထိန်းချုပ်မှုဌာန၊ စည်းကမ်းထိန်းသိမ်းရေးဌာန၊ ငွေကြေး စီမံခန့်ခွဲရေးဌာန၊ သင်္ဘောတင်ပို့သောဌာန၊ စက်ရုံလည်ပတ်ရေးဌာနဟူ၍ ဌာနအလိုက် ဆောင်ရွက် လျက်ရှိပြီး ဂိုဒေါင်သုံးလုံးဖြင့် လည်ပတ်လျက်ရှိပါကြောင်း၊ အဓိက contract farming ဖြင့် ဧရာဝတီ တိုင်းဒေသကြီးမှ ဆန်များကို ကြိတ်ခွဲတင်ပို့လျက်ရှိပါကြောင်း၊ ကုန်ကြမ်းများ စက်ရုံဝင်းသို့ ရောက်ရှိ ချိန်မှစ၍ ပစည်းအလေးချိန်ချိန်ကာ အရည်အသွေး ထိန်းချုပ်မှုဌာနမှ အရည်အသွေး စစ်ဆေးမများ ပြုလုပ်ကာ ပစည်း အရည်အသွေးမှန်ကန်၍ လက်ခံနိုင်မှသာ ဂိုဒါင်ထဲသို့ ပို့ဆောင်ပေးပါကြောင်း ရှင်းလင်းပြောကြား ပါသည်။

၉။        လေ့လာရေးခရီးစဉ်တွင် သင်တန်းသား၊ သင်တန်းသူများက သိရှိလိုသည့် မေးခွန်းများကို တာဝန်ရှိသူများမှ ပြန်လည်ရှင်းလင်းဆွေးနွေးပြီး ညနေ (၅:၁၅) အချိန်တွင် ရုံးချုပ်သို့ပြန်လည် ရောက်ရှိခဲ့ပါသည်။

Myanmar