ထိုင်းနိုင်ငံ vnu Exhibition မှ စီစဉ်ကျင်းပသည့် VIV Asia 2015 ပြပွဲကို ၂၀၁၅ခုနှစ် မတ်လ ၁၁ရက်မှ ၁၃ ရက်နေ့အထိ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ BITEC တွင် ကျင်းပ မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါပြပွဲသည် မွေးမြူရေးနှင့် ရေလုပ်ငန်းများ၊ တိရစ္ဆာန်များ၏အသားများထုတ်လုပ်ခြင်း၊ မွေးမြူရေးအစာများထုတ်လုပ်ခြင်း၊ နို့နှင့်နို့ထွက်ပစ္စည်းများ ထုတ်လုပ်ခြင်းတို့ ကို ပြသမည့်ပွဲတစ်ခုဖြစ်ကြောင်းသိရသည်။ ယင်းပြပွဲသည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် အကောင်းဆုံးနှင့်အကြီးမားဆုံးသော ပြပွဲတစ်ခု အဖြစ်ရပ်တည်လာ မည်ဖြစ်ကြောင်းသိရသည်။
VIV Asia 2015 ၏ ပထမဆုံး ပြပွဲလမ်းပြအစီအစဉ်ကို အင်ဒိုနီးရှားနိုင်ငံရှိဂျကာတာမြို့နှင့် တောင်ကိုရီးယားနိုင်ငံရှိ ဆိုးလ်မြိုတို့တွင် ကျင်းပခဲ့သည်။ ယင်းလမ်းပြအစီ အစဉ်များသည် ထိုင်းနိုင်ငံဘန်ကောက်မြို့တွင် မတ်လ ၁၁ ရက်နေ့မှ ၁၃ရက်နေ့အထိကျင်းပမည့် မွေးမြူရေးနှင့်ကာကွယ်ခြင်းဆိုင်ရာလုပ်ငန်းရှင်များကို အသိပေးရန် အတွက်ဖြစ်ကြောင်းသိရသည်။
ယင်းပြပွဲတွင် Aquatic နှင့် Dairy Tech ဟောပြောပွဲများကိုလည်းထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။ အဆိုပါ ဟောပြောပွဲများနှင့်ဆွေးနွေး ပွဲများသည် ပထမဆုံးအကြိမ်ထည့်သွင်းကျင်းပခြင်းဖြစ်ပြီး ဟောပြောပွဲတွင် ဇီဝလောင်စာနှင့်တိရစ္ဆာန်မွေးမြူရေးလုပ်ငန်းများအကြောင်းကို ဟောပြောဆွေးနွေးသွားမည်ဖြစ်ကြောင်းသိရ သည်။
ထို့ပြင် ဝက်မွေးမြူထုတ်လုပ်ရေးဆိုင်ရာ Pork Summit၊ အသားများ၊ ကြက်ဥများ၏ ဈေးကွက်နှင့်နည်းပညာများ၊ နိုင်ငံတကာကြက်ဥအသင်းမှပြုလုပ်သော ကြက်ဥစီးပွားရေး လုပ်ငန်းဆိုင်ရာဟောပြောပွဲနှင့် အာရှတိရစ္ဆာန် ကျန်းမာရေးဆိုင်ရာ ဟောပြောပွဲများကို ထည့်သွင်းဆွေးနွေးသွားမည်ဖြစ်ကြောင်းသိရသည်။
အဆိုပါပြပွဲသို့ အာရှ၊ အာဖရိကနှင့် အရှေ့အလယ်ပိုင်းဒေသတို့မှ တိရစ္ဆာန်နှင့် အသားငါးထုတ်လုပ်သူများနှင့် ဝယ်ယူရောင်းဝယ်သူများ စုစုပေါင်း ၃၅၀၀၀ ခန့် လာရောက် မည်ဟုခန့်မှန်းထားကြောင်းသိရသည်။
မယ်သီတာ