သရက်မြို့နယ် ပဲတီစိမ်းနှင့် နှမ်းဈေးနှုန်းဈေးကွက် 

Tue, 08/30/2022 - 12:54 -- admin_ygn

သရက်မြို့နယ် ပတ်ဝန်းကျင်ကျေးရွာများမှ ထွက်ရှိသည့် ပဲမျိုးစုံ သီးနှံနှင့် နှမ်းသီးနှံများအနက်  ပဲတီစိမ်းနှင့် နှမ်းသည်    နေ့စဉ်ဈေးကွက် အတွင်းသို့  ဝင်ရောက်လျက်ရှိသည်။  သြဂုတ်လ တတိယပတ်တွင်  ပဲတီစိမ်း တစ်တင်းလျှင် ကျပ် ၄၅၀ဝ၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခုတစ်ပတ်တွင်  ကျပ် ၅၀ဝ၀ဝ ဖြင့်   ဈေးမြင့်တက်လာသော်လည်း  အရောင်းအဝယ်အေးလျက်ရှိသည်။  
နှမ်းသီးနှံများမှာလည်း တတိယပတ်တွင်  နှမ်းနက်တစ်တင်းလျှင် ကျပ် ၈၀ဝ၀ဝ၊ နှမ်းနီ တစ်တင်းလျှင် ကျပ် ၇၅၀ဝ၀ ဖြစ်ခဲ့ပြီး ယခုတစ်ပတ် တွင်  နှမ်းနက်တစ်တင်းလျှင် ကျပ် ၈၅၀ဝ၀၊ နှမ်းနီ တစ်တင်းလျှင် ကျပ် ၈၀ဝ၀ဝ ဖြစ်၍ ကျပ် ၅၀ဝ၀စီ ဈေးမြင့်တက်လာကြောင်း သိရှိရသည်။ 
အောင်လံမြို့ရှိ  ကုန်သည်များက ဝယ်ယူလျက်ရှိပြီး နေ့စဉ်တစ်နေ့ လျှင် နှမ်းအိတ်ရေ  ၉၀-၁၀ဝ ခန့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရသည်။
နွဲ့ယဉ်ဝင်း(ကံမ)
 

Local Trade News

Pages