ရွှေတောင်မြို့နယ်တွင် တိုင်ထောင်ပဲ စိုက်ပျိုးခြင်းဖြင့် အကျိုးအမြတ်ရရှိ

Thu, 09/26/2024 - 05:05 -- mocadmin

   ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ မီးလောင်အုပ်စု၊ အင်္ဂလှိုင်ဂန်ကျေးရွာတွင် တိုင်ထောင်ပဲများ စိုက်ပျိုးထားရှိကြောင်း၊ တိုင်ထောင်ပဲကို ဇွန်လတွင် စတင်စိုက်ပျိုးပြီး ၂ လခွဲ အကြာ စက်တင်ဘာလတွင် ပဲသီးများကို ခူးဆွတ်ရကြောင်း၊ မျိုးအနေဖြင့် မြှားနီမျိုးများကို စိုက်ပျိုး ကြပြီး စိုက်ပျိုးထုတ်လုပ်မှုအတွက် မျိုး၊ သွင်းအားစု၊ လုပ်သားခ အပါအဝင် တစ်ဧကလျှင် စုစုပေါင်း ငွေကျပ် ၈ သိန်းခန့် ကုန်ကျကြောင်း၊ တိုင်ထောင်ပဲသီးများ စတင်ခူးဆွတ်ချိန်တွင် အတောင့်ရေ ၇၅၀၀ - ၈၃၀၀ ခန့် ခူးဆွတ်ရရှိကာ တစ်ရက်ခြား တစ်ခါဖြင့် နှစ်လခန့် ခူးဆွတ်ရောင်းချရကြောင်း၊ လက်ကားဈေး ပဲအတောင့် ၁၀၀ ပါ တစ်အိတ်လျှင် ငွေကျပ် ၅,၀၀၀ ဖြင့် ရောင်းချရပြီး အကျိုး အမြတ်အနေဖြင့် ပဲတောင့်အထွက်နှုန်းနှင့် ဈေးနှုန်းအတက်အကျအပေါ် မူတည်၍ ပျမ်းမျှ ငွေကျပ် ၁၆ သိန်းခန့် ရရှိကြောင်း၊ ဈေးကွက် အနေဖြင့် တိုင်ထောင်ပဲသီးများကို ကုန်စိမ်းပွဲစားများက ရွှေတောင်မြို့ပေါ်သို့ ရောင်းချခြင်းအပြင် ရန်ကုန်မြို့သို့ တင်ပို့ရောင်းချကြောင်း သိရှိရသည်။

DOCA (ပဲခူး)

Local Trade News

Pages