မိတ္ထီလာခရိုင်အတွင်း အကျိုးအမြတ်များစွာရရှိသည့် နေကြာသီးနှံကို တိုးချဲစိုက်ပျိုးလာ

Fri, 03/17/2023 - 08:40 -- comsumer

      မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်အတွင်း ပြည်တွင်းစားသုံးဆီ ဖူလုံပိုလျှံရေးအတွက် ၂၀၂၂-၂၀၂၃ ခုနှစ်တွင် ဆီထွက်သီးနှံတစ်မျိုးဖြစ်သည့် နေကြာသီးနှံကို  မိတ္ထီလာ၊ သာစည်၊ မလှိုင်၊ ဝမ်းတွင်း စသည့်မြို့နယ်များတွင် မိုးနေကြာ(၃၇၂၃)ဧကနှင့် ဆောင်းနေကြာ(၉၇၂၀)ဧက စိုက်ပျိုးနိုင်ခဲ့ပြီး စိုက်ပျိုးသည့်နေကြာမျိုးကွဲများမှာ ဆင်းရွှေကြာ-၂၊ ရေဆင်း ၁ စပ်မျိုး နှင့် Black Sunflower  မျိုးများကို သီးသန့်စိုက်ခင်းများဖြင့်လည်းကောင်း ၊အခြားသီးနှံများနှင့်ရော၍ ပင်ကြား၊ တန်းကြား သီးညှပ်စိုက်ပျိုးခြင်းကိုလည်းကောင်း၊  စိုက်ပျိုးရေးဦးစီးဌာန၏ နည်းပညာ၊ မျိုးကောင်းမျိုးသန့်များ ထောက်ပံ့ပေးမှုဖြင့် စိုက်ပျိုးကြောင်း သိရသည်။

     တောင်သူများအနေဖြင့် မိုးနေကြာကို မိုးဦးကာလ မေ၊ ဇွန်လများတွင် စိုက်ပျိုးကြသော်လည်း ယခုနှစ်တွင် မိုးနှောင်းကာလ သြဂုတ်၊ စက်တင်ဘာလများအထိ တိုးချဲ့စိုက်ပျိုးကြကြောင်း၊ နေကြာစိုက်ပျိုးထုတ်လုပ်မှုကုန်ကျစရိတ်မှာ တစ်ဧကလျှင် ကျပ်(၂)သိန်းခန့်သာကုန်ကျပြီး တစ်ဧက အထွက်နှုန်းမှာ တင်း(၂၀)ကျော်ခန့် ထွက်ရှိပြီး လက်ရှိနေကြာစျေးနှုန်းမှာလည်း တစ်တင်းလျှင် (၃၅၀၀၀) ကျပ်ခန့် ရောင်းချရကြောင်း၊ ဆီကြိတ်ရောင်းလျှင်လည်း နေကြာဆီတစ်ပိဿာ လျှင်(၁၂၀၀၀) ကျပ်၊ နေကြာဖတ် တစ်ပိဿာလျှင် (၁၅၀၀)ကျပ်ခန့်ရရှိသဖြင့် စီးပွားရေးအရတွက် ခြေကိုက်၍ အကျိုးအမြတ်များစွာရရှိသဖြင့် လာမည့်နှစ်များတွင်လည်း နေကြာသီးနှံကို ပိုမိုတိုးချဲ့ စိုက်ပျိုးသင့်ကြောင်း စိုက်ပျိုးလုပ်ကိုင်သူတောင်တစ်ဦးထံမှ သိရသည်။

DOCA(မန္တလေး)

Local Trade News

Pages