ဥရောပသမဂ္ဂသည် စီးပွားရေးကျဆင်းမှုကို တွန်းလှန်ရန် ကြာမြင့်နိုင်ကြောင်း စီးပွားရေး စောင့်ကြည့်လေ့လာမှု အဖွဲ့က သုံးသပ်

Tue, 02/07/2023 - 03:33 -- wtodep

ဥရောပသမဂ္ဂ၏ တရားဝင်စာရင်းများအရ ၂၀၂၂ ခုနှစ်အတွင်း ဥရောပ၌ စီးပွားရေး အနည်းငယ်တိုးတက်ကာ GDP သည် စီးပွားရေးကျဆင်းမှု (Recession) မှ လွတ်မြောက်လာသော်လည်း  ငွေကြေးဖောင်းပွမှုနှင့် ဝယ်လိုအားကျဆင်းမှုတို့ကြောင့် မသေချာမှုများ ရှိနေသေး ကြောင်း (၁-၂-၂၀၂၃) ရက်နေ့ထုတ် Xinhua သတင်းစာက ဖော်ပြထားပါသည်။

ဥရောပစာရင်းအင်းအဖွဲ့ (Eurostat) အရ ၂၀၂၂ ခုနှစ်၊ စတုတ္ထသုံးလပတ်တွင် ဥရောပ၏ GDP သည် ပြီးခဲ့သည့်နှစ်ကထက် ၀.၁ % တိုးတက်ခဲ့ကြောင်း၊ ၂၀၂၁ ခုနှစ်က ဥရောပဒေသတစ်ခုလုံး၏  GDP သည် ၁.၉ %  ထိတိုးတက်ခဲ့ပြီး ဥရောပသမဂ္ဂ၏  GDP သည် ၁.၈ % တိုးမြင့်ခဲ့ကြောင်း၊ ဥရောပဒေသ၏ GDP သည် ၂၀၂၂ ခုနှစ် လေးလပတ်ဆက်တိုက် ၀.၆%၊ ၀.၈ %၊ ၀.၃% နှင့် ၀.၁ % တို့ဖြင့် အသီးသီးတိုးတက်ခဲ့ကြောင်း၊ နှစ်စဉ်  GDP တိုးတက်မှုနှုန်းသည် ဥရောပဒေသအတွက် ၃.၅ % နှင့် ဥရောပသမဂ္ဂသည် ၃.၆ % ဖြစ်ကြောင်း ဖော်ပြထားပါသည်။

ဥရောပသည် သဘာဝဓာတ်ငွေ့လိုအပ်ချက်ကို သဘာဝဓာတ်ငွေ့ရည် (Liquefied Natural Gas - LNG) တင်သွင်း၍ ဖြေရှင်းလေ့ရှိသော်လည်း ယက္ခုနှစ် ပူနွေးသောဆောင်းရာသီကြောင့် ဝယ်လိုအားကျဆင်းပြီး ဈေးနှုန်းလည်း ကျဆင်းနေကြောင်း၊ စီးပွားရေး ပညာရှင်များက သဘာဝဓာတ်ငွေ့ပြတ်လပ်ခြင်းကြောင့် ခွဲတမ်းဝေမျှခြင်းနှင့် ဥရောပစက်ရုံများ၏ ထုတ်လုပ်မှုရပ်ဆိုင်းခြင်း ဆောင်ရွက်လာမည်ကို စိုးရိမ်ခဲ့ကြောင်း၊ ထို့အပြင် ဥရောပ၌ ကပ်ရောဂါဖြစ်ပွားပြီး နောက်ပိုင်းကာလတွင် သဘာဝဓာတ်ငွေ့သုံးစွဲမှုသည် မျှော်မှန်းသည်ထက် ပိုမိုများပြားခဲ့ကြောင်း၊ ဥရောပနိုင်ငံများမှ စီးပွားရေးကျဆင်းမှုကို ဟန့်တားနိုင်ရန် အစီအမံများချမှတ် ကျင့်သုံးခဲ့မှုများသည် ၂၀၂၂ ခုနှစ် စတုတ္ထသုံးလပတ်အတွင်း စီးပွားရေးပြန်လည် တိုးတက်စေရန် အထောက်အကူဖြစ်ခဲ့ကြောင်း သိရှိရသည်။

သို့ရာတွင် ဥရောပနိုင်ငံများ၏ စီးပွားရေးအခက်အခဲသည် လွတ်လွတ်ကျွတ်ကျွတ် တိုးတက်ခြင်းမဟုတ်ဘဲ ရပ်တန့်လုနီးပါး အနေအထားအထိ နှေးကွေးခဲ့ကြောင်း၊ ငွေကြေးဖောင်းပွမှုမြင့်မားခြင်းသည် ဥရောပနိုင်ငံများ၏ ပြည်တွင်းဝယ်လိုအား ကျဆင်းစေနိုင် ကြောင်း၊ ဂျာမနီ၊ ပြင်သစ်နှင့် စပိန်နိုင်ငံတို့တွင် ပြည်တွင်းဝယ်လိုအား ကျဆင်းလာမှု၊ ပို့ကုန်နှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ရေရှည်တိုးတက်ရေးအပေါ် ဖိအားများဖြစ်ပေါ်စေနိုင်မှုတို့ကြောင့် ဥရောပစီးပွားရေးသည် ၂၀၂၃ ခုနှစ် အစောပိုင်းတွင် ကျဆင်းစေမည် ဖြစ်ကြောင်း Internationale Nederlanden Groep (ING) မှ အကြီးတန်း စီးပွားရေးပညာရှင် Colijn က ပြောကြားခဲ့သည်။

၂၀၂၃ ခုနှစ်အတွင်း ဥရောပစီးပွားရေးသည် စွမ်းအင်အထောက်အပံ့နှင့်ပတ်သက်၍ အခက်အခဲရှိလာနိုင်ပြီး စွမ်းအင်ဖူလုံရေးအတွက် ဦးစားပေးဆောင်ရွက်ရမည်ကို ဒီဇင်ဘာလအစီရင်ခံစာတွင် ထုတ်ပြန်ခဲ့ကြောင်း ဂျာမနီနိုင်ငံ၊ Think-tank Bertelsmann Stiftung မှ အကြီးတန်းအကြံပေး Thiess Petersen က ပြောကြားခဲ့သည်။

Source: https://english.news.cn/20230201/29abe05ed9634f5abb1f1e837d20d6b2/c.html

International Trade News

Pages