အိန္ဒိယနိုင်ငံ တမီလ်နာဒူးမြို့တွင် မုန်တိုင်း၏အရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်း

Tue, 11/17/2015 - 13:35 -- admin_ygn

အိန္ဒိယနိုင်ငံတမီလ်နာဒူးလ်မြို့တွင် လေဖိအားနည်းရပ်ဝန်းမှတစ်ဆင့် ဖြစ်ပေါ်လာခဲ့သည့် မုန်တိုင်းငယ်တစ်ခု ဝင်ရောက်တိုက်ခတ်ခဲ့ရာ မိုး သည်းထန်စွာ ရွာသွန်းခဲ့ပြီး လေပြင်းများ တိုက်ခတ်ခဲ့ကြောင်း သိရသည်။အဆိုပါမုန်တိုင်းငယ်သည် ချင်းနိုင်မြို့မှတစ် ဆင့်ဖြတ်သန်းတိုက်ခတ်လာခြင်းဖြစ်ရာ ချင်းနိုင် မြို့တွင်လည်း မိုးသည်းထန်းစွာရွာသွန်းခဲ့ပြီး လေ ပြင်းများ တိုက်ခတ်ခဲ့ကြောင်း သိရသည်။မုန်တိုင်းငယ်၏ အရှိန်ကြောင့် တမီလ်နာဒူး၊ ချင်းနိုင်၊  ပူဒူချယ်ရီမြို့တို့တွင် မိုးသည်းထန်စွာရွာသွန်းခဲ့သဖြင့်  သီးနှံစိုက်ခင်းအချို့ ပျက်စီး ဆုံးရှုံးခဲ့ရကြောင်း သိရသည်။အဆိုပါမုန်တိုင်းငယ်သည် ဆိုင်ကလုန်းမုန် တိုင်းအဖြစ်သို့ ကြီးထွားခဲ့ခြင်း မရှိသော်လည်း လေပြင်းများတိုက်ခတ်သဖြင့် သစ်ပင်များကျိုးကျ ခြင်း၊ နေအိမ်အမိုးများလန်ထွက်ခြင်း စသည့် ဖြစ် ရပ်များနှင့် ကြုံတွေ့ခဲ့ရသည်ဟု ဆိုသည်။ယင်းမုန်တိုင်းငယ်    တိုက်ခတ်ချိန်သည် အိန္ဒိယနိုင်ငံတစ်ဝန်းတွင် ဒီပါဝလီပွဲတော်ကျင်းပ နေသည့်အချိန်နှင့် တိုက်ဆိုင်လျက်ရှိရာ မုန်တိုင်း ငယ်၏လမ်းကြောင်းပေါ်ရှိ တမီလ်နာဒူး၊ချင်းနိုင် နှင့်ပူဒူချယ်ရီမြို့တို့တွင် ပွဲတော်ကို အကျဉ်းချုံး ၍သာကျင်းပနိုင်ခဲ့ကြောင်း၊ မိုးလေကင်းလွတ် မှသာထပ်မံကျင်းပမည်ဖြစ်ေ ကြာင်း တမီလ်နာဒူး မြို့ခံတစ်ဦးက ပြောကြားခဲ့သည်။မုန်တိုင်းငယ်တိုက်ခတ်ချိန်တွင်  အာရေဗျ ပင်လယ်တွင် ဖြစ်ပေါ်ခဲ့သည့် မုန်တိုင်းသည် အားကောင်းသည့် ဆိုင်ကလုန်းမုန်တိုင်း အဖြစ် သို့ ရောက်ရှိခဲ့ကာ ယီမင်နိုင်ငံ ဆိုခိုတရာကမ်းခြေ  သို့ ဝင်ရောက်တိုက်ခတ်ခဲ့ကြောင်း  အမေရိကန် မိုးလေဝသဌာနက ထုတ်ပြန်ကြေညာခဲ့သည်။ယီမင်နိုင်ငံ ဆိုခိုတရာ ကျွန်းသို့ တိုက်ခတ် ခဲ့သည့်မုန်တိုင်းငယ်သည် အင်အားပြင်းထန်သည့်ဆိုင်ကလုန်းမုန် တိုင်းအဖြစ်သို့ ရောက်ရှိခဲ့ သဖြင့် ဆိုခိုတရာကျွန်းပေါ်ရှိ လူနေအိမ်ပေါင်းများစွာ ပျက်စီးဆုံးရှုံးခဲ့ရကြောင်း အမေရိကန် မိုးလေဝသ ဌာနက သတင်းထုတ်ပြန်ခဲ့သည်။

မယ်သီတာ

 

International Trade News

Pages