အိန္ဒိယနိုင်ငံသည် Lenovo အတွက် ကြီးမားသည့်အပြောင်းအလဲစတင်သည့်နေရာဖြစ်လာ

Wed, 03/30/2016 - 06:25 -- admin_ygn

 ကမ္ဘာ့အကြီးဆုံး တစ်ကိုယ်ရေ သုံး ကွန်ပျူတာ (PC) ထုတ်လုပ်သူLenovo  သည် ၎င်းင်း၏ပင်ရင်းဈေးကွက် ဖြစ်သည့် တရုတ်နိုင်ငံတွင် ဝယ်လိုအား ကျဆင်းနေခြင်းနှင့်ရင်ဆိုင် နေရသော် လည်း အိန္ဒိယနိုင်ငံတွင် လာမည့်နှစ်၌ တိုး တက်မှုများရရှိနိုင်ရန်မျှော်လင့် ကြောင်း  Economic Times  နှင့် တွေ့ဆုံ မေးမြန်းခန်းတစ်ခုတွင် Lenovo ၏အာရှပစိဖိတ်ဒေသ တာဝန်ခံခေါင်း ဆောင်ရိုဒါဇစ်လက်ပင်ကပြောကြားခဲ့ ကြောင်း သိရသည်။
၎င်းင်းတို့ကုမ္ပဏီအနေဖြင့် ယှဉ် ပြိုင်မှုတွင် ပြိုင်ဘက်များထက် တစ်ပန်း သာစေရန် ထုတ်ကုန်သစ်များကို အမျိုး မျိုးထုတ်လုပ်ရလိမ့်မည်ဖြစ်ကြောင်း၊ စမတ်ဖုန်းလောကတွင် ဈေးကွက်ဝေစု အတွကApple၊ Samsung တို့နှင့် အကြိတ်အနယ်ယှဉ်ပြိုင်ရာတွငLenovo  အနေဖြင့် တင်းကျပ်စွာထိန်းချုပ်ခြင်းခံ ထားရကြောင်း၊  PC  အနေဖြင့်လည်း ဈေးကွက်တွင် သိသိသာသာကျဆင်း လျက်ရှိကြောင်း၊ ယခု အချိန်တွင်Windows tablets  များကို တိုးတက် အသုံးပြုလာသည့် အတွက် ပုံမှန်အသုံး ပြုနေသည့် PCs ဈေးကွက်ကျဆင်း နေမှုကို ကာမိစေရန် Lenovo အနေဖြင့် ၎င်းင်း၏အဆိုပါ ထုတ်ကုန်အမျိုးအစား သစ်များအပေါ်တွင် အားကိုးထား ကြောင်း၊ PCs အစားထိုးအဖြစ်သန်း ၃၀ တန်ဖိုးရှိ Windows tablets   အမျိုး အစားသစ်လေးမျိုးကို စတင်ထုတ်လုပ် ထားပြီး ဖြစ်ကြောင်း ပြောကြားခဲ့ပါ သည်။
Lenovo company  ၏ အိန္ဒိယ တာဝန်ခံ Rahul Agarwal က ၂၀၁၆ ခုနှစ်အကုန်တွင် အိန္ဒိယနိုင်ငံမှ ဝင်ငွေ အမေရိကန်ဒေါ်လာ နှစ်ဘီလီယံ ရရှိ ရန် မျှော်လင့်ကြောင်းပြောကြားခဲ့ သည်။ ဖေဖော်ဝါရီ အစောပိုင်းတွင်Lenovo အနေဖြင့် ၎င်းင်း၏တစ်ကမ္ဘာ လုံးအတိုင်းအတာအရ ကုန်ကျစရိတ် သက်သာမှုသည် ကုမ္ပဏီ၏အသား တင်အမြတ်ကို ကောင်းမွန်စေရန် အထောက်အကူပြုသည့် အနေအထား ဖြစ်ခဲ့သော်လည်း ၎င်းင်းတို့ဝင်ငွေမှာ ပြီး ခဲ့သည့် ဒီဇင်ဘာအထိ သုံးလပတ် တွင် ရှစ်ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း၊ ပိုမို စိုးရိမ်ရသည်မှာ တရုတ်နိုင်ငံ၏ စီးပွား ရေးနှေးကွေးကျဆင်းမှုသည် PC  နှင့် စမတ်ဖုန်းအဓိက ထုတ်လုပ်ရောင်းချ သူအားလုံးအတွက် ရောင်းချမှု ပမာဏ တွင် သက်ရောက်မှုများရှိခဲ့ ကြောင်း၊ တရုတ်နိုင်ငံတွင် စီးပွားရေး အခြေ အနေနှေးကွေးနေသည့် အချိန်၌ပင် ၎င်းင်းတို့ Lenovo အနေဖြင့် တိုးတက်နေ သည့် စီးပွားရေးအနေအထား တွင် ရှိနေသေးကြောင်း  ပြီးခဲ့သည့်သုံး လပတ်တွင် တရုတ်နိုင်ငံတွင် ၎င်းင်းတို့၏ ဈေးကွက်ဝေစု ၄၀ ရာခိုင်နှုန်းရရှိခဲ့ပြီး၊ ၁ ဒသမ ၇ ရာခိုင်နှုန်းဖြင့် တိုးတက်ခဲ့ ကြောင်း၊ ယင်းအနေအထားသည် ၎င်းင်း တို့၏ ဈေးကွက်ဝေစုအများဆုံးအနေ အထားနှင့်အမြတ်အစွန်းအများဆုံးရ ရှိနိုင်သည့် အနေအထားတို့ကို ဆက် လက်ထိန်းသိမ်းထားနိုင်ရန် လွယ်ကူ သည့်အခြေအနေတွင် ရှိနေသေး ကြောင်း ပြောကြားခဲ့သည်။

ယဉ်ယဉ်နွယ်၊ စီးပွားရေးသံမှူး
မြန်မာသံရုံး၊ နယူးဒေလီမြို့