ရော်ဘာဈေးကျဆင်းနေတဲ့ဒဏ်မှ ထိုင်းရော်ဘာစိုက်တောင်သူများ သက်သာမှုရှိစေရန် ထိုင်းအစိုးရအဖွဲ့က ရော်ဘာများကို သတ်မှတ်ဈေးတစ်ခုနဲ့ ဝယ်ယူပေးသွားရန်ဆုံးဖြတ်

Tue, 01/19/2016 - 09:11 -- admin_ygn

ထိုင်းဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာယွတ်ချိန်အိုးချားက ရော်ဘာဈေးနှုန်းများ ကျဆင်းနေခြင်းနဲ့ စပ်လျဉ်း၍  ဖြေရှင်းပေးရမယ့်နည်းလမ်းကို အင်္ဂါနေ့တိုင်းကျင်းပတဲ့အစိုးရအဖွဲ့ အစည်းအဝေး မှာ တင်ပြခဲ့တယ်လို့ ထိုင်းသတင်းဌာနမှ သတင်းရရှိပါတယ်။ထိုင်းဝန်ကြီးချုပ်က ဖြေရှင်းပေးရမယ့်နည်းလမ်းကို အစိုးရအဖွဲ့သို့ တင်ပြ ပေးသွားရမှာဖြစ်ကြောင်း၊ အကြောင်းရင်းကအစိုးရ အနေနဲ့ဘဏ္ဍာငွေအမြောက်အမြားသုံးစွဲသွားရမယ့်ကိစ္စပါဝင်နေတဲ့အတွက်ဖြစ်ကြောင်းသတင်းထောက်များနဲ့ တွေ့ဆုံစဉ်ဇန်နဝါရီ ၁၂ ရက်ကပြောကြားလိုက်တာဖြစ်ပါတယ်။ရော်ဘာေ ဈးကျ ဆင်းနေမှုနဲ့ စပ်လျဉ်းတဲ့အဖြေရှာ ဖွေမှုဟာ ဆက်စပ်ပြဿနာများဖြစ်တဲ့ ရော်ဘာ စိုက်ပျိုးထုတ် လုပ်မှုမှရောင်းချသည်ထိ ဖြစ်စဉ်များအားလုံး ကိုဖြေရှင်းနိုင်ရေးထိဆောင်ရွက်သွားနိုင်ေ အာင် အလေးထားလုပ်ဆောင် နေကြောင်း ဝန်ကြီးချုပ်က ပြောကြား ပါတယ်။ ဆက်လက်ပြီး ဝန်ကြီးချုပ်ကဆက်စပ်ဝန်ကြီးဌာနများဟာ  ရော်ဘာထုတ် ကုန်များ အမြင့်ဆုံးဈေးပေး  ဝယ် ယူပေးခြင်းဖြင့် သဘာ၀ ရော်ဘာကို ပြည်တွင်းသုံးစွဲမှု မြှင့်တင်ရေးအတွက်ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြ ရန် ညွှန်ကြားထားတယ်လို့ ပြောပါတယ်။ထိုင်းအစိုးရ အဖွဲ့အနေနဲ့လည်းေ ရာ်ဘာစိုက်ေ တာင်သူ များထံမှ ရော်ဘာကို တစ်ကီလိုဂရမ်လျှင် ဘတ် ၆၀ (ကန် ဒေါ်လာ ၁ ဒသမ ၆၅ ဒေါ်လာ) အထိပေးပြီးတိုက်ရိုက်ဝယ် ယူပေးသွားမယ်၊ဒီလိုဝယ်ယူပေးခြင်းအားြ ဖင့်ခုနစ်နှစ် တာကာလအတွင်း ရော်ဘာဈေးအနိမ့်ဆုံးသို့ ကျဆင်းနေတဲ့ အတွက် မကျေမချမ်းဖြစ်နေတဲ့ရော်ဘာစိုက်တောင်သူ များကို ဖြေသိမ့်ပေးရာရောက်မယ်လို့ ယုံကြည်ထားတယ် လို့ ဇန်နဝါရီ ၁၂ရက်က ထိုင်းအစိုးရအဖွဲ့က ပြောကြားပါတယ်။ ရော်ဘာတစ်ကီလိုဂရမ်ကိုဘတ် ၆၀ ထိဈေးနှုန်းနဲ့ ရော်ဘာ အားလုံးကို ဝယ်ယူပေး မယ်လို့ အာမ မခံသော်လည်း  ဒီေ ဈး နှုန်းနဲ့ ရော်ဘာတန်ချိန် နှစ်သိန်းထိသာဝယ်ယူပေးနိုင်မှာဖြစ်တယ်လို့အစိုးရအဖွဲ့ကပြောပါတယ်။ကမ္ဘာမှာ ရော်ဘာအများဆုံး တင်သွင်းတဲ့ တရုတ် နိုင်ငံရဲ့ စီးပွားရေးအေးနေခြင်းက လည်း ရော်ဘာဈေးကျဆင်း နေစေတဲ့အကြောင်းတစ်ခုဖြစ်ပါတယ်။  ထိုင်းဝန်ကြီးချုပ်ကအစိုးရဌာနများနဲ့ ဝန်ကြီးဌာနများအား ထိုင်းရော်ဘာကို ပိုမိုသုံးစွဲကြရန်နဲ့ ယခုနှစ် စီမံကိန်းများအတွ က် တန်ချိန် တစ် သိန်းဝန်းကျင်ထိသုံးစွဲပေးရန်လည်းတိုက်တွန်းထားတယ် လို့ သိရပါတယ်။ထိုင်းနိုင်ငံဟာ ကမ္ဘာမှာ ရော်ဘာအများဆုံးထုတ်လုပ် တင်ပို့တဲ့နိုင်ငံဖြစ်ပြီး နှစ်စဉ်ရော်ဘာတန် ချိန်၄ သန်းထုတ် လုပ်မှုအပေါ် ပြည်တွင်း၌ တန်ချိန် ၁ ဒသမ ၄ သန်းခန့်ထိ သုံးစွဲလျက်ရှိပါတယ်။ ရော်ဘာစိုက်ပျိုးတဲ့ မိသားစု ၈၀၀၀၀၀ ကို ဆန်အိတ်ပေါင်း ၄ သန်း ဖြန့်ဖြူးပေးသွားမယ် လို့ အစိုးရက ပြောကြားပါတယ်။
CMK