ဘရပ်ဆဲလ်မြို့ တွင် မြန်မာ - အီးယူ ရင်နှီးမြှုပ်နှံမှု အကာအကွယ်ပေးရေးသဘောတူစာချုပ်ဆိုင်ရာ ဆွေးနွေးမှုများအား ပံ့ပိုးမည့် အစည်းအဝေးတစ်ရပ် ကျင်းပမည်

Fri, 11/06/2015 - 10:01 -- admin_ygn

မြန်မာ - အီးယူ ရင်းနှီးမြှုပ်နှံမှု အကာအကွယ်ပေးရေးသဘောတူစာ ချုပ်ဆိုင်ရာ ဆွေးနွေးညှိနှိုင်းမှုများအား ပံ့ပိုးမည့်Trade Sustainability Impact Assessment (SIA)  အား ၂၀၁၅ ခုနှစ်၊ စက်တင်ဘာမှ စတင်ဆောင်ရွက်ခဲ့ ပါသည်။ အဆိုပါTrade Sustainability Impact Assessment (SIA) ) ဆိုင်ရာ အစည်းအဝေးကို ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲလ်မြို့၌နိုဝင်ဘာ ၅  ရက်တွင် ပြု လုပ်ကျင်းပမည်ဖြစ်ပါသည်။ အစည်းအဝေးကျင်းပရခြင်း၏ အဓိကရည်ရွယ်ချက်မှာ SIA Inception Report (မူကြမ်း) အား အရပ်ဘက် လူ့အဖွဲ့အစည်းနှင့် ဆွေးနွေး ရန် ဖြစ်ပါ သည်။ အစည်း အဝေး၌ အရပ်ဘက်လူ့ အဖွဲ့အစည်းများမှ တာဝန်ရှိသူများသည်SIA Inception Report  (မူကြမ်း) တွင် အတိုင် ပင်ခံပုဂ္ဂိုလ်များက အဆိုပြုထားသည့် နည်း  ပ ညာ ဆိုင်ရာနည်းလမ်း အပေါ် ထင်မြင်သုံးသပ်မှု ပြုလုပ်နိုင်ပြီး ထပ်မံ စိစစ်သုံးသပ်သင့်သည့် အခြား သောဆက်စပ်လျက်ရှိသည့် ကိစ္စရပ်များကိုလည်း ဖော်ထုတ်ေ ဆွးနွေးနို င် ကြောင်း  ဥရောပကော်မရှင်၏ သတင်းထုတ်ပြန်ချက်တစ်ရပ်အရ သိရှိရပါ သည်။        

ဖြူနှင်းဝတ်ရည် ၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ ဘရပ်ဆဲလ်မြို့

 

International Trade News

Pages