ဘယ်လ်ဂျီယံနိုင်ငံတွင် စီးပွားရေးလုပ်ငန်း ဒေဝါလီခံရမှုနှုန်း ကျဆင်း

Wed, 11/04/2015 - 09:41 -- admin_ygn

၂၀၁၅ ခုနှစ်၊ စက်တင်ဘာလတွင် ဘယ်လ်ဂျီယံနိုင်ငံ၌ စီးပွားရေးလုပ်ငန်း စုစုပေါင်း ၉၅၀ ခု ဒေဝါလီခံခဲ့ပါသည်။ ထိုသို့စီးပွားရေးလုပ်ငန်းများ ဒေဝါလီ ခံမှုကြောင့် အချိန်ပြည့် ဝန်ထမ်း ၁၃၇၄ ဦး၊ အချိန်ပိုင်းဝန်ထမ်း ၇၁၆ ဦး၊ လခစား အလုပ်ရှင် ၃၀၆ ဦး အလုပ်အကိုင်များ ဆုံးရှုံးခဲ့ပါသည်။ ၂၀၁၅ ခုနှစ်၊ ဧပြီလမှ ၂၀၁၅ ခုနှစ်၊ စက်တင်ဘာလအထိ ဘယ်လ်ဂျီယံ နိုင်ငံ၌ စီးပွားရေး လုပ်ငန်းစုစုပေါင်း ၄၅၇၂ ခု ဒေဝါလီခံခဲ့ရပြီး လွန်ခဲ့သော နှစ်ကာလတူနှင့်နှိုင်းယှဉ်ပါက စီးပွားရေးလုပ်ငန်းဒေဝါလီခံခဲ့ရမှုနှုန်းသည် ၇ ဒသမ ၅ရာခိုင်နှုန်းကျဆင်းခဲ့ပါသည်။

ဖြူနှင်းဝတ်ရည် ၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ ဘရပ်ဆဲလ်မြို့

International Trade News

Pages