စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (OECD) သို့ ဝင်ရောက်ရေး လမ်းပြ မြေပုံနှင့်အတူ ကမ္ဘာ့အစီအစဉ်များတွင် တက်ကြွစွာ ပါဝင်သွားမည်ဖြစ်ကြောင်း အင်ဒိုနီးရှားနိုင်ငံက ထပ်မံကတိပြုခဲ့

Thu, 05/16/2024 - 04:07 -- wtodep

ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့တွင် ကြာသပတေးနေ့က ပြုလုပ်ခဲ့သည့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (OECD) ၏ ဝန်ကြီးအဆင့်အစည်းအဝေး ဖွင့်ပွဲအခမ်းအနားတွင် အင်ဒိုနီးရှား၊ စီးပွားရေးဝန်ကြီး Airlangga Hartarto က OECD သို့ အင်ဒိုနီးရှား နိုင်ငံမှအဖွဲ့ဝင်အဖြစ် ဝင်ရောက် ရေး လမ်းပြမြေပုံကို လက်ခံရယူခဲ့ပါသည်။

ယခုကိစ္စသည် OECD အဖွဲ့ဝင်ဖြစ်ရေး အဖွဲ့ဝင်အားလုံးနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်နေသည့် အင်ဒိုနီးရှားနိုင်ငံ၏ ကြိုးပမ်းအားထုတ်မှုကို အသိအမှတ်ပြုခဲ့သည့် နောက်ထပ်တိုးတက်မှုတစ်ခု လည်းဖြစ်ပါသည်။ အဖွဲ့ဝင်အဖြစ် ဝင်ရောက်ရေး လုပ်ငန်းစဉ်တွင် နှစ်ဦးနှစ်ဖက်အနီးကပ်ပူးပေါင်းဆောင်ရွက်မှုသည် OECD ဆောင်ပုဒ်ဖြစ်သော “ ပိုမိုကောင်းမွန်သောဘဝများအတွက် ပိုမိုကောင်းမွန် သော မူဝါဒများ ” ကို ဖော်ဆောင်နိုင်ရန် ရည်ရွယ်ပါသည်။

စီးပွားရေးဝန်ကြီး Airlangga Hartarto က OECD သည် ကမ္ဘာ့ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု၏ ၈၀ % ကို ကိုယ်စားပြုသည့်အတွက် ၎င်း၏ အဖွဲ့ဝင်ဖြစ်ရေးနှင့် စံချိန်စံနှုန်းများသည် အားလုံးပါဝင်နိုင်ပြီး ရေရှည်တည်တံ့သော ကမ္ဘာ့စီးပွားရေးဖြစ်ပေါ်လာစေရန် အရေးကြီးပါကြောင်း မိန့်ခွန်း၌ထည့်သွင်း ‌ပြောကြားခဲ့ပါသည်။

အင်ဒိုနီးရှားနိုင်ငံအနေဖြင့် OECD အဖွဲ့ဝင်ဖြစ်လာပါက ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ကမ္ဘာ့အစီအစဉ် များ၌ လိုက်ပါရန်၊ လွတ်လပ်ရေး၊ ထာဝရငြိမ်းချမ်းရေးနှင့် လူမှုရေးရာတရားမျှတမှုတို့ကို တိုးတက်လာစေရန် ဆောင်ရွက်သွားမည်ဟု စီးပွားရေးဝန်ကြီး Airlangga Hartarto က ပြောကြားခဲ့ပါသည်။

လက်ရှိတွင် OECD အဖွဲ့ဝင်ဖြစ်ရေး လျှောက်ထားသည့် နိုင်ငံ (၇) နိုင်ငံရှိပြီး အာဂျင်တီးနား၊ ဘရာဇီး၊ ဘူလ်ဂေးရီးယား၊ အင်ဒိုနီးရှား၊ ခရိုအေးရှား၊ ပီရူးနှင့် ရိုမေးနီးယားတို့ ဖြစ်ပါသည်။

အင်ဒိုနီးရှားနိုင်ငံနှင့် OECD တို့သည် အင်ဒိုနီးရှားမှ အဓိကမိတ်ဖက်အဖြစ် ပါဝင်ခဲ့သည့် ၂၀၀၇ ခုနှစ်မှစ၍ ဆက်ဆံရေး အားကောင်းလာခဲ့ပြီး OECD ကလည်း အင်ဒိုနီးရှား၏ လူမှုအဖွဲ့အစည်း၊ အုပ်ချုပ်ရေးနှင့် စီးပွားရေး လုပ်ငန်းများ၏ မူဝါဒများ၊ စံချိန်စံညွှန်းများ မြှင့်တင်ရာတွင် ဗျူဟာမြောက်မိတ်ဖက် ဖြစ်ခဲ့ပါသည်။

အင်ဒိုနီးရှားနိုင်ငံ၏ အဖွဲ့ဝင်အဖြစ်ဝင်ရောက်ရေး လမ်းပြမြေပုံ ပေးအပ်သည့်အခမ်းအနားတွင် ဘဏ္ဍာရေးဝန်ကြီး Sri Mulyani၊ စီးပွားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး Edi PrioPambudi၊ အတွင်းဝန် Susiwijono Moegiarso၊ ပြင်သစ်နိုင်ငံဆိုင်ရာ အင်ဒိုနီးရှားနိုင်ငံ သံအမတ်ကြီး အန်ဒိုရာနှင့် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့(UNESCO) ဆိုင်ရာ အင်ဒိုနီးရှား အမြဲတမ်းကိုယ်စားလှယ် မိုဟာမက်အိုမာတို့လည်း တက်ရောက်ခဲ့ကြပါသည်။

Source: The Jakarta Post

WTO ဌာနခွဲ

ကုန်သွယ်ရေးဦးစီးဌာန