အောက်တိုဘာလအတွင်း လှုပ်ရှား-၂ အဖွဲ့မှ သိမ်းဆည်းရမိ ဆန်များမှာ ထိုင်းဆန်များဖြစ်ကြောင်း ဖော်ထုတ်ရရှိ

Fri, 11/27/2015 - 13:59 -- admin_ygn

အောက်တိုဘာလ  လဆန်းပိုင်းက  မြဝတီ-ရန်ကုန် ကုန်သွယ်မှုလမ်း ကြောင်းတွင် စားသုံးသူအကာအကွယ် ပေးရေးနဲ့ တရားမဝင် ကုန်သွယ်မှုတားဆီးရေးတာဝန်ထမ်းဆောင်ေ နသော လှုပ်ရှား-၂ အဖွဲ့သည် ထိုင်းဆန်လို့ ယူဆရသော ဆန်အိတ် ၈၄၀ ကျော်ကို လှုပ်ရှား-၂ သို့ဝင်ရောက်  အစစ်ဆေး ခံသော ယာဉ်များပေါ်မှ  စစ်ဆေးတွေ့ရှိတဲ့အတွက်  ယာယီတားဆီးထား ခဲ့ရပါတယ်။အိမ်နိးချင်းနိုင်ငံမှဆန်လို့ယူဆရတဲ့အတွက် စိုက်ပျိုးရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနသို့  နမူနာပေးပို့၍  အရည်အသွေးစစ်ဆေးခြင်း၊  (DNA) စစ်ဆေးခြင်းများကို ဆောင် ရွက်ေ ပး ရန်  ညှိနှိုင်းခဲ့ကြပါတယ်။ စိုက်ပျိုးရေး ဦးစီးဌာန(နေပြည်တော်)ရုံးချုပ်မှ နမူနာဆန်များရဲ့ ပြင်ပပုံစံအသွင်အပြင်၊ ဓါတ်ခွဲစမ်းသပ်တွေ့ရှိချက်များအရ မြန်မာနိုင်ငံမှ ထွက်ရှိသော ဆန်အမျိုး အစားမဟုတ်ကြောင်း သုံးသပ်ပြန်ကြားလာတဲ့အတွက်  အကောက်ခွန်အမှု တွဲဖွင့်သိမ်းဆည်းလိုက်ပြီလို့သိရပါတယ်။စိုက်ပျိုးရေးဦးစီးဌာနအနေ နဲ့  လက်ခံရရှိတဲ့နမူနာဆန် များအား  ဈေး ကွက်အတွင်းရှိ ထိုင်းဆန်၊ အောက်မြန်မာပြည်မှာ အများဆုံး စိုက်ပျိုးလေ့ရှိတဲ့ ဧည့်မထအုပ်စုဝင် စပါး ၇ မျိုးနဲ့  နှိုင်းယှဉ်စစ်ဆေးခြင်း၊ မော်လီကျူးလာ နည်းပညာနဲ့ မျိုးရိုး ဗီဇကွဲပြားမှု (DNA)စစ်ဆေးခြင်း၊ ဆန်အရည်အသွေးနဲ့ ထမင်းအရည်အသွေး စမ်းသပ်စစ်ဆေးခြင်းများကို လုပ်ဆောင်ခဲ့ပါတယ်။ Physical Characteristics အဖြစ်  သီးနှံအရွယ် အစား ၊Chemical  Chara-cte ristics tjzpf Apparent Amylose Content(AAC)  , GC (Gel Consi-stency ) , GTC (Gelatinization   Temperature ) , စားသုံးမှု အရည်အသွေး(Eating Quality) Kernel Elongation Ratio (KER)စစ်ဆေးမှုကိုလည်း လုပ်ဆောင်ခဲ့ကြတယ်လို့ သိရပါတယ်။မော်လီကျူလာနည်းနဲ့  စစ်ဆေးရာမှာ  ဧည့်မထအုပ်စုဝင်ဆန်များနဲ့ တူညီမှုရှိမရှိ၊ မျိုးရိုးဗီဇကွဲပြားတယ်လို့ ဖော်ထုတ်နိုင်ခဲ့ပါတယ်။ ဆင်းသွယ် လတ်နဲ့ ဆင်တူသော်လည်း မျိုးရိုးဗီဇအားဖြင့် ကွဲလွဲမှုရှိနေခြင်း၊   ဆန်အရည် အသွေး၊ စားသုံးမှုအရည် အသွေးစစ်ဆေးချက် အရ ပြည်တွင်းဆန်များနဲ့ ကွဲပြားမှုရှိတဲ့အတွက် နမူနာ   ပေးပို့ထားသော  ယာယီတားဆီး ထားတဲ့ ဆန်များဟာ ထိုင်းနိုင်ငံထွက် ဆန်များသာဖြစ်ကြောင်း  ဖော်ထုတ်နိုင်ခဲ့ ပါတယ်။ ယာယီ တားဆီးထားတဲ့ ဆန်အိတ် ၈၄၀ ကျော်ရဲ့ ခန့်မှန်းတန်ဖိုးမှာ  ကျပ်သိန်း ၁၄၀ ကျော်ရှိတယ်လို့  သိရပါတယ်။ လုပ်ထုံးလုပ်နည်းနဲ့ အညီ အကောက်ခွန်အမှုတွဲများဖွင့်လှစ် သိမ်း ဆည်း ထားပြီးဖြစ်တယ်လို့  သိရပါ တယ်။
    MIRT

Border Trade News

Pages