လူစီးရထားနဲ့တင်ဆောင်လာတဲ့ တရားမဝင်ကန့်သတ်ကုန်ပစ္စည်း ခန့်မှန်းတန်ဖိုး ကျပ် ၁၄၅ သန်းကျော်ဖိုး ဖမ်းမိ

Thu, 01/08/2015 - 12:37 -- admin_ygn

    ဒီဇင်ဘာလ ၂၁ ရက်နေ့ ၁၈း၂၀ နာရီတွင် မော်လမြိုင်-ရန်ကုန်အမှတ် (၉၀) အစုန်အမြန်ရထားပေါ်မှာ ကန့်သတ်ကုန် ဘီယာ၊ ကွမ်းစားဆေးနဲ့ အကောက်ခွန်မဲ့လုပ်ငန်းသုံးနဲ့ အိမ်သုံးပစ္စည်းများတင်ဆောင်လာကြောင်းသတင်းရရှိသဖြင့် ရန်ကုန်ဘူတာကြီးသို့ ရထားဆိုက်ရောက်စဉ် Mobile Team အဖွဲ့မှရှာဖွေရာ တရားမဝင်ကန့်သတ်ကုန်များ ကို တွေ့ရှိခဲ့ကြောင်း ဒီဇင်ဘာ လ ၂၉ ရက်နေ့ထုတ် Commerce Journal အတွဲ ၁၄၊ အမှတ် ၅၀ တွင် ဖော်ပြခဲ့ ပြီးဖြစ်ပါတယ်။
  ဒီဇင်ဘာလ ၂၂ ရက်နေ့မှာ ရန်ကုန်ဘူတာကြီးကုန်သိုလှောင်ရုံမှ ဆူးလေဆိပ်ကမ်းအတွင်းရှိ မြေပြင်ချစစ် သိုလှောင်ရုံသို့ပို့ဆောင်ပြီး အသေးစိတ်စစ်ဆေးရာ ထိုင်းနိုင်ငံထုတ် Chang Beer ဘူးကြီး (၁ x၂၄ ဘူး) ပါကင် အကောင်း ၁၁၈ ဖာ၊ ထိုင်းနိုင်ငံထုတ် Leo Beer (၁ x ၂၄ ဘူး)ပါ ပါကင်အကောင်း ၆၀၄ ဖာ၊ အိန္ဒိယနိုင်ငံထုတ် Saga Sakdi Tobacco ဆေးရွက်ကြီးပေါင်း ကွမ်းစားဆေး (၁ x ၁၀ x ၄၀ ဘူး) ၁၈၆ ပါကင် (၇၄၄၀၀ ဘူး)၊ အိန္ဒိယနိုင်ငံထုတ် ဆေးရွက်ကြီးပေါင်း ကွမ်းစားဆေး (၁ x ၁၀ x ၃၀ ဘူး) ၃၉ ပါကင် (၁၁၇၀၀ ဘူး) နဲ့ ပါကင်အပျက်များမှ Leo Beer (၃၃၀ ml)  ၄၄၈ဘူး စုစုပေါင်းခန့်မှန်းတန်ဖိုး ၁၄၅၅၂၈၀၀၀ ကျပ်အား သိမ်းဆည်းရမိခဲ့သဖြင့် အကောက်ခွန်အမှုတွဲ ဖွင့်လှစ်ပြီးကြောင်းနဲ့ လိုင်စင် ID နှင့် တိုက်ဆိုင်စိစစ်ချက်အရ မှန်ကန်မှုရှိသော ပစ္စည်းများအား ပြန်လည်ထုတ်ပေးမည်ဖြစ်ကြောင်း နောက်ဆက်တွဲသတင်းအရသိရှိရပါတယ်။

DCCA

Border Trade News

Pages