ယခင်တစ်ပတ်ထက် တန်ချိန်ထက်ဝက်ကျော်အဝင်လျော့

Thu, 07/07/2016 - 08:16 -- admin_ygn

ဇွန် ၁၉ ရက်မှ ၂၅ ရက်သီတင်းပတ်အတွင်း  ကန်ဒေါ်လာ ၁၅၃၄၃၀၇ တန် ဖိုးရှိ မြေသြဇာ ၇၆၃၀ ဒသမ ၅၀ တန်ကို ပင်လယ်ရေကြောင်း ကုန်သွယ်မှု လမ်းမှ တင်သွင်းခဲ့ပါတယ်။ဒီတစ်ပတ် တရုတ်နိုင်ငံ မှ တန်ချိန် ၃၅၂၀၊ ဂျပန်နိုင်ငံမှ တန်ချိန် ၃၂၀၊ မလေးရှားမှ တန်ချိန် ၂၀၀၊ စင်ကာပူမှ တန်ချိန် ၇၁၀၊ ထိုင်းနိုင်ငံမှ ၂၀၄၄ ဒသမ ၅၀ တန်နဲ့ ဗီယက်နမ်မှ ၈၃၆ တန်တင်သွင်းခဲ့တယ်လို့သိရပါတယ်။ တင် သွင်းခဲ့တဲ့အမျိုးအစားများမှာ ကယ်လ်ဆီယမ်၊ အမိုးနီးယမ်းဆာလဖိတ်၊ ကယ်လ် ဆီယမ်ဆီလီကာနဲ့ အခြားအမျိုးအစားများ တင်သွင်းခဲ့တယ်လို့သိရပါတယ်။ ယခင် သီတင်းပတ်မြေသြဇာအဝင်မှာ တန်ချိန် ၁၅၀၀၀ ကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ် အဝင်နဲ့ယှဉ်ရင် တန်ချိန် ထက်ဝက်ကျော်အဝင်လျော့ခဲ့တယ်လို့ သိရပါတယ်။

Border Trade News

Pages