မြဝတီကုန်သွယ်ရေးဇုန်မှ ကြက်သွန်နီတင်ပို့

Wed, 01/14/2015 - 14:17 -- admin_ygn

   မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီကုန်သွယ်ရေးဇုန်မှ ဒီဇင်ဘာနောက်ဆုံးပတ်မှာ ကန်ဒေါ်လာ  ၈၇၁၂၀ တန်ဖိုးရှိ ကြက်သွန်နီ ၄၈၄ တန်တင်ပို့ခဲ့ပါတယ်။ ယခင် သီတင်းပတ်က မူဆယ်မှ ၃၆ တန်၊ စစ်တွေမှ ၃ တန်၊ မြဝတီမှ ၃၄၄ တန်ခွဲ တင်ပို့ခဲ့ ပေမယ့် ယခုသီတင်းပတ်မှာ မြဝတီစခန်းတစ်ခုတည်းမှပဲတင်ပို့ခဲ့တာဖြစ်ပါတယ်။ ဒီဇင်ဘာလတစ်လလုံးမှာ စခန်းစုံကတင်ပို့ခဲ့တဲ့ ကြက်သွန်နီတန်ချိန် ၁၆၀၅ တန်ခွဲရှိခဲ့ပါတယ်။ ''ဒီနှစ်မှာ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ ထိုင်း၊ တရုတ်၊ အိန္ဒိယနိုင်ငံတွေကဝယ်လိုအားရှိပေမယ့် ဈေးနှုန်း ကတော့ကျနေတယ်။ ဒါကြောင့်  ပွဲရုံတွေကလည်း ဈေးနှုန်းနဲ့ ဈေးကွက်ကို ချိန်ဆပြီး ဝယ်နေရတယ်။ လက်ရှိ  ထိပ်စတစ်ပိဿ   ာကို ၄၀၀ ကျပ်ဆိုပေမယ့် တောင်သူတွေအနေနဲ့ အကျိုး အမြတ်မရှိသေးဘူး၊ တစ်ပိဿ    ာ ကို ၆၀၀ ကျပ်လောက်ဆိုရင်တော့ တောင်သူတွေအကျိုးအမြတ်ခံစားရမယ်'' လို့ မကွေးမြို့မှ ဒေသခံကြက်သွန်နီစိုက်တောင်သူတစ်ဦး ကပြောပါတယ်။

မော်မော်အောင် MIRT (DCCA)

 

Border Trade News

Pages