မူဆယ်မှတရုတ်နိုင်ငံသို့ ပရဆေးကုန်ကြမ်းပိုမိုတင်ပို့

Tue, 09/05/2017 - 08:02 -- admin_ygn

        သြဂုတ် ၁၉ ရက်မှ ၂၅ ရက်အထိ ရက်သတ္တပတ်အတွင်း မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန် မှ အမေရိကန်ဒေါ်လာ သုည ဒသမ ၄၀၁ သန်းတန်ဖိုးရှိ ပရဆေးကုန်ကြမ်းအမယ် ၁၀ မျိုး၊ တန်ချိန် အားဖြင့် ၃၆၈ တန် ကျော်ကို တရုတ်နိုင်ငံသို့တင်ပို့ခဲ့ရာ ယခင်တစ်ပတ်က တင်ပို့ ခဲ့တဲ့ ၁၂၁ တန်ကျော်နဲ့ နှိုင်းယှဉ်ပါက ယခုတစ်ပတ်မှာ ၂၄၇ တန်ပိုမိုတင်ပို့ခဲ့ ပါတယ်။
တင်ပို့ခဲ့တဲ့   ပရဆေးအမယ်များမှာ ကွမ်းစားဂမုန်း၊ နနွင်းတက်၊ တောချင်း၊ မာလာဥခေါင်း၊ ဆီးဆန်၊ မိကျောင်းကွမ်းဖတ်စေ့၊ နေလဲစေ့၊ ကြောင် လျှာစေ့နဲ့ ဒရင်ကောက်မြစ်တို့ဖြစ်ပါတယ်။ ယခုတစ်ပတ်တွင် ယခင်တစ်ပတ် က တင်ပို့မှုမရှိတဲ့ ကွမ်းစားဂမုန်း၊ တောချင်း၊ ကြောင်လျှာစေ့နဲ့ ဒရင်ကောက် မြစ်တို့ တင်ပို့ခဲ့တဲ့အတွက် ပရဆေးတင်ပို့မှုပိုမိုရ ခြင်းဖြစ်ပါတယ်။ ချင်းရွှေဟော် ကုန်သွယ်ရေးစခန်းမှလည်း အမေရိကန်ဒေါ်လာ ၂၂၈၈ တန်ဖိုးရှိ ဒရင်ကောက် မြစ် ၁၆ တန် တင်ပို့ခဲ့ပါတယ်။
မြန်မာ-အိန္ဒိယနယ်စပ်ရှိ တမူးကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ ၃၁၀၄ တန်ဖိုးရှိ ဆောင်းမေခါး တစ်တန် နဲ့ ရိဒ်ကုန်သွယ်ရေးစခန်းမှ အမေ ရိကန်ဒေါ်လာ သုည ဒသမ ၀၁၂ သန်းတန်ဖိုးရှိ တောင်လုံးကျော်တန်ဝက်ကို မြန်မာနိုင်ငံသို့ တင်သွင်းခဲ့တယ်လို့ သိရပါတယ်။
မော်မော်အောင်

Border Trade News

Pages