မူဆယ်နဲ့ ချင်းရွှေဟော်မှ နှမ်းပိုမိုတင်ပို့

Thu, 07/06/2017 - 04:07 -- admin_ygn

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ ဇွန် ၁၇ ရက်မှ ၂၃ ရက်အထိ ရက်သတ္တပတ်အတွင်း အမေရိကန်ဒေါ်လာ သုည ဒသမ ၂၃၁ သန်းတန်ဖိုးရှိ နှမ်းရောင်စုံ ၂၀၉ တန်ခွဲကို တရုတ်နိုင်ငံသို့ တင်ပို့ခဲ့ ပါတယ်။ တင်ပို့ ခဲ့တဲ့ နှမ်းအမျိုးအစားတွေကတော့ နှမ်းနက် ၉၇ တန်၊ နှမ်းဖြူ ၁၇ တန်ခွဲနဲ့ နှမ်းညို ၉၅ တန် ဖြစ်ပါတယ်။ ယခင်တစ်ပတ်က နှမ်းနက် ၃၃ တန်သာ တင်ပို့ခဲ့လို့ ယခုတစ်ပတ် မူဆယ်မှ နှမ်း ၁၇၆ တန်ခွဲ ပိုမို တင်ပို့ခဲ့တာတွေ့ရပါတယ်။
ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းမှလည်း အမေရိကန်ဒေါ်လာ ၁ ဒသမ ၁၆၇ သန်း တန်ဖိုးရှိ နှမ်းနက်တန် ၆၀၀ ကျော်နဲ့ နှမ်းဖြူ ၃၈၇ တန်ကျော် စုစုပေါင်းတန်ချိန် ၉၈၇ တန်ကျော် တင်ပို့ခဲ့ရာ ယခင်တစ်ပတ်က တင်ပို့ခဲ့တဲ့ ၁၉၃ တန် ခွဲနဲ့ နှိုင်းယှဉ်ပါက ၇၉၄ တန် ပိုမိုတင်ပို့ခဲ့ပါတယ်။မူဆယ်ကုန်စည်ဒိုင်မှာ ဇွန် ၁၇ ရက်မှ ၂၃ ရက်အထိ ရက်သတ္တပတ်အတွင်း နှမ်းဖြူတစ်တန်ကို ကျပ် ၁၃၄၃၇၅၀၊ နှမ်းနက်တစ်တန် ကျပ် ၂၁၂၅၀၀၀  ဈေးရှိတယ်လို့ သိရပါတယ်။ အလားတူမြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီကုန်သွယ်ရေးဇုန်မှလည်း အမေရိကန်ဒေါ်လာ ၁၉၀၉၆ တန်ဖိုး ရှိ နှမ်းဖြူ ၁၇ တန်ကျော်ကို ယခုရက် သတ္တပတ်အတွင်း ထိုင်းနိုင်ငံသို့ တင်ပို့ခဲ့ပါတယ်။
မကွေးတိုင်းဒေသကြီး ချောက်မြို့နယ်နဲ့ ရေနံချောင်းမြို့နယ်တို့မှာ မိုးနှမ်းများ စိုက်ပျိုးထားရာ မိုရာမုန်တိုင်းကြောင့် နှမ်းခင်းတွေ အောင်မြင်ဖြစ်ထွန်းကြောင်း၊ ဇွန်လဆန်းမှာ တစ်တင်းကို ကျပ် ၄၅၀၀၀ နဲ့ရောင်းရကြောင်း၊ မကြာမီ အသစ် ပေါ်မယ့် နှမ်းအသစ်ဈေး ကျမှာစိုးရိမ်နေကြောင်း ချောက်မြို့နယ်မှ နှမ်းစိုက်တောင်သူတစ်ဦးက ပြောပါတယ်။
မော်မော်အောင်

 

 

Border Trade News

Pages