မုံရွာကုန်စည်ဒိုင်နှမ်းသီးနှံဈေးကွက်တွင် နှမ်းနက်ဈေးအနည်းငယ်ကျဆင်း

Fri, 09/08/2017 - 08:48 -- admin_ygn

        မုံရွာကုန်စည်ဒိုင်သို့ ဆီထွက် သီးနှံဖြစ်သော  နှမ်းများ နေ့စဉ် အိတ် ၈၀၀- ၉၀၀ ခန့် ဝင်ရောက်လျက်ရှိပြီး နှမ်းနက်ကတော့ ဈေးအနည်းငယ်ကျ၍ အရောင်းအဝယ်လည်း အနည်းငယ် အေးလျက်ရှိကြောင်း  သိရပါတယ်။ နှမ်းဖြူနှင့် နှမ်းညိုမှာ ဈေးငြိမ်လျက်ရှိပြီး ဒေသတွင်း   အဝယ်ရှိလို့ အရောင်း အဝယ် ပုံမှန်ဖြစ်လျက်ရှိကြောင်း သိရ ပါတယ်။ ယခုတစ်ပတ် နှမ်းသီးနှံပေါက် ဈေးနှုန်းကတော့ နှမ်းဖြူတစ်ပိဿာ ကျပ် ၂၄၀၀ နဲ့ အိတ် ၁၀၀ ခန့်၊ နှမ်းညို တစ်ပိဿာ ၁၈၆၇ ကျပ်နဲ့ အိတ်၂၀၀ ခန့်၊ နှမ်းနက်တစ်ပိဿာ ၂၅၃၃ ကျပ် မှ  ၂၂၆၇ ကျပ် နှုန်းနဲ့ အိတ်၃၀၀ခန့် အသီး သီး  အရောင်းအဝယ်   ဖြစ်လျက်ရှိ ကြောင်း သိရပါတယ်။ ယခင်တစ်ပတ် က နှမ်းဖြူတစ်ပိဿာ ကျပ်၂၄၀၀၊ နှမ်း ညိုတစ်ပိဿာ ၁၈၆၇ ကျပ်၊ နှမ်းနက် တစ်ပိဿာ ကျပ်၂၆၀၀ နှုန်းပေါက်လို့ ယခုတစ်ပတ်မှာ ဈေးအနည်းငယ် ကျဆင်းကြောင်း ဈေးကွက်မှ သိရပါ တယ်။ ယခင်နှစ် ကာလတူအချိန်ပေါက် ဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက ယခုနှစ် ပေါက် ဈေးနှုန်းက ဈေးမြင့်နေကြောင်း သိရပါတယ်။
ကြည်ကြည်နွယ်(မုံရွာ)

Border Trade News

Pages