နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ယခုသီတင်းပတ်အတွင်း ဆန်တင်ပို့မှု လျော့နည်းသော်လည်း ဆန်ကွဲတင်ပို့မှုပိုမို

Tue, 12/23/2014 - 09:30 -- admin_ygn

   ဒီဇင်ဘာ ၆ ရက်မှ  ၁၂ ရက်ထိကာလအတွင်းမှာ မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်၊ ချင်းရွှေဟော်နဲ့ လွယ်ဂျယ်စခန်းများမှ ဆန်တင်ပို့မှုမှာ  ၃၁၇၀၉ တန်ကျော်ရှိပြီး တန်ဖိုးအားဖြင့်  ကန်ဒေါ်လာ ၁၁ ဒသမ  ၆၇၃ သန်းဖိုး ရရှိပါတယ်။ စခန်းအလိုက်တင်ပို့မှုများမှာ မူဆယ်  (၁၀၅) မိုင်မှ  ငစိန်ဆန် ၁၆၅၂၉ တန်ကျော်နဲ့ ဧည့်မထ ဆန်  ၉၁၉၁ တန်ကျော်၊ ချင်းရွှေဟော်စခန်းမှ ဧည့်မထဆန် တန် ၁၀၀၀ နဲ့ လွယ်ဂျယ်စခန်းမှ ဧည့်မထဆန် ၄၉၈၉ တန်ဖြစ်ပါတယ်။ ယခင်သီတင်းပတ်နဲ့ နှိုင်းယှဉ်ပါ က ယခု သီတင်းပတ်မှာ ၅၄၉၇  တန်ခန့်လျော့နည်းတင်ပို့ခဲ့ပါတယ်။
   ဆန်တင်ပို့မှုလျော့ကျခဲ့သော်လည်း ဆန်ကွဲတင်ပို့မှုမှာ ယခုသီတင်းပတ်တွင်  ၁၁၇၅  တန် ပိုမိုတင်ပို့နိုင်ခဲ့ကြောင်းသိရှိရပါတယ်။ မူဆယ်  ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှ ၅၄၈၅ တန်ကျော်နဲ့ ချင်းရွှေဟော်စခန်းမှ တန် ၇၀၀ တင်ပို့ခဲ့တဲ့အတွက် တန်ချိန်စုစုပေါင်း ၆၁၈၅ တန်ကျော် တင်ပို့ခဲ့တာဖြစ်ပါတယ်။ တန်ဖိုးအားဖြင့်တော့ ကန်ဒေါ်လာ ၂ ဒသမ ၀၂ သန်း ဖိုးဖြစ်ပါတယ်။

ယဉ်ယဉ်အေး MIRT (DCCA)

Border Trade News

Pages