နယ်စပ်ကုန်သွယ်ရေးစခန်းစုံမှ ချင်းစို၊ ချင်းခြောက် ပိုမိုတင်ပို့

Tue, 07/18/2017 - 08:15 -- admin_ygn

ဇူလိုင် ၁ ရက်မှ ၇ရက်အထိ သီတင်းပတ်အတွင်း မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ရှိ စစ်တွေနဲ့ မောင်တောကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ၅၉၉၂၉ တန်ဖိုးရှိချင်းစို ၁၉၂ တန်ကျော်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တင်ပို့ခဲ့ပါတယ်။ စခန်း အလိုက် တင်ပို့ မှုမှာ စစ်တွေမှ ၃၄ တန်၊ မောင်တောမှ ၁၅၈ တန် ကျော်ဖြစ်ပါတယ်။ ယခင်သီတင်းပတ်က စစ်တွေမှ ၁၅တန်နဲ့ မောင်တောမှ ၇၄ တန်ကျော် တင်ပို့ခဲ့တဲ့ အတွက် ယခုတစ်ပတ်မှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ချင်း ၁၀၂ တန်ကျော် ပိုမိုတင်ပို့ခဲ့ တာတွေ့ရပါတယ်။ စစ်တွေမှာ ချင်းစို တစ်တန်ကို မိမိဘက် ပေါက်ဈေးမှာ (ငွေလဲ နှုန်းအရ) ၁၀၃၆၁၈၄ ကျပ်ရှိတယ်လို့ သိရပါတယ်။
အလားတူ မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင်  ကုန်သွယ်ရေးဇုန်မှ လည်း အမေရိကန်ဒေါ်လာ ၃၆၀၇၀ တန်ဖိုးရှိ ချင်းခြောက် ၂၉ တန် ကိုတရုတ်နိုင်ငံ သို့လည်းကောင်း၊ မြန်မာ- ထိုင်းနယ်စပ်ရှိ မြဝတီကုန်သွယ်ရေးဇုန်မှ အမေရိကန် ဒေါ်လာ ၁၃၇၇၆တန်ဖိုးရှိ ချင်းခြောက် ၁၁တန်ကျော်ကို ထိုင်းနိုင်ငံသို့ လည်းကောင်း အသီးသီး တင်ပို့ခဲ့ပါတယ်။ ယခင်တစ်ပတ်က မူဆယ်ရော မြဝတီမှပါ ချင်းတင်ပို့မှု မရှိခဲ့တာ တွေ့ရ ပါတယ်။  မူဆယ်မှာ ချင်းခြောက် တစ်တန်ကို မိမိဘက်ပေါက်ဈေး (ငွေလဲနှုန်းအရ) ၁၆၈၆၇၅၁ ကျပ်၊ မြဝတီမှာ ၁၆၇၅၈၉၅ ကျပ် ဈေးခန့်ရှိတယ်လို့ သိရပါတယ်။
မော်မော်အောင်

Border Trade News

Pages