ဒေါ်လာဈေးနှုန်းအခြေအနေကြောင့် တမူးနယ်စပ်ကုန်သွယ်မှုလျော့နည်းကျဆင်းနေ

Tue, 12/23/2014 - 10:18 -- admin_ygn

   ဒေါ်လာဈေးမြင့်တက်မှုကြောင့် AV တန်ဖိုးအား လက်ရှိငွေလဲနှုန်း ပေါက်ဈေးဖြင့် ပြောင်းလဲတွက်ချက်ပြီး Duty ပေးဆောင်ကြရသဖြင့် ပေးဆောင်ရတဲ့ တန်ဖိုးမြင့်မား လာခြင်းကြောင့် ဒေါ်လာဈေးတည်ငြိမ်သည်အထိစောင့်ကြည့်နေရခြင်း၊ ဒေါ်လာဈေးမြင့်တက်လာသဖြင့် သွင်းကုန်ပစ္စည်းများဝယ်ယူရာမှာ အရှုံးပေါ်မှုများဖြစ်ပေါ်ခြင်း၊ တစ် ဖက်နိုင်ငံရဲ့ နိုင်ငံရေးတည်ငြိမ်မှုမရှိခြင်းနဲ့ မြေပေါ်မြေအောက်အဖွဲ့အစည်းများက အင်ဖာ-မိုရေးဆက်သွယ်သည့် ပြည်ထောင်စုလမ်းမကြီးအား မကြာခဏပိတ်ဆို့ဆန္ဒပြမှု များကြောင့် ကုန်စည်စီးဆင်းမှုအဟန့်အတားဖြစ်ပေါ်နေသဖြင့် တမူးနယ်စပ်မှာ ပို့ကုန်သွင်းကုန် ကုန်သွယ်မှုလျော့ကျလျက်ရှိနေပါတယ်။
  အဓိကပို့ကုန်ဖြစ်သော ကွမ်းသီးအသစ်ထွက်ရှိချိန်ဖြစ်သော်လည်း အစိုဓာတ်များသဖြင့် ဈေးနှိမ်မခံရစေရန် နေလှန်းခြင်း၊ သန့်စင်ခြင်း၊ ပြန်လည်ထုပ်ပိုးခြင်းခြင်းများပြုလုပ်နေ ရသဖြင့် ပို့ကုန်ပိုင်းမှာလည်းလျော့နည်းလျက်ရှိပါတယ်။

CMK

 

Border Trade News

Pages