တရုတ်နိုင်ငံထုတ် ဘီယာများ သိမ်းဆည်းရရှိ

Tue, 01/06/2015 - 14:04 -- admin_ygn

   နယ်စပ်ကုန်သွယ်ရေးစခန်း (ကျိုင်းတုံ)၏ တရားမဝင်ကုန်သွယ်မှုတားဆီးထိန်းချုပ်ရေး Mobile Team အဖွဲ့သည် တရားမဝင်ကုန်သွယ်မှုတားဆီးထိန်းချုပ်ရေးနှင့် စားသုံးသူ အကာအကွယ်ပေးရေးအတွက် မိုင်းလား-ကျိုင်းတုံကုန်သွယ်မှုလမ်းကြောင်းပေါ်ရှိ ရှောင်ကွင်းလမ်းများအား ကျိုင်းတုံနယ်စပ်ကုန်သွယ်ရေးစခန်း တာဝန်ခံ ဒုတိယညွှန်ကြားရေး မှူး ဦးစိုးဝင်းမောင်ဦးဆောင်လျက် နေ့စဉ် ကြည့်ရှုစစ်ဆေးလျက်ရှိရာ ဒီဇင်ဘာ ၂၉ ရက် ညနေ ၁၇ း ၄၀ နာရီအချိန်တွင် ကျိုင်းတုံမြို့နယ်၊ ကတ်ဖကျေးရွာအုပ်စု၊ ဖကန်ကျေးရွာ အနီးရှိ ရှောင်ကွင်းလမ်း၏ လမ်းဘေးတွင်  စုပုံ၍ ပလတ်စတစ်ဖြင့် ဖုံးအုပ်ထားရှိသော တရုတ်နိုင်ငံထုတ်ဘီယာ Jin Shun Hong Yan Beer ( ၁ x ၆၃၀ ML x ၁၂)  (၆၀၆) ဖာ၊ ခန့်မှန်းတန်ဖိုး ၃၆၃၆၀၀၀ ကျပ်အား ပိုင်ရှင်မဲ့သိမ်းဆည်းရမိခဲ့သဖြင့် အကောက်ခွန်အမှုတွဲ အမှတ် ၁၁-ကတ/၂၀၁၄ (ကသစလှုပ်ရှားဖမ်းဆီး) (၀၀၇) ဖြင့် အမှုတွဲ ဖွင့်လှစ် ၍ သိမ်းဆည်းခဲ့ပါသည်။ သိမ်းဆည်းရမိသော တရုတ်နိုင်ငံထုတ် ဘီယာ (၆၀၆) ဖာအား ကျိုင်းတုံမြို့နယ် အကောက်ခွန်ဦးစီးဌာနသို့အပ်နှံထားရှိပြီး ကျိုင်းတုံနယ်စပ်ကုန် သွယ်ရေးစခန်းရှိ Mobile Team (OSS) အဖွဲ့၏ သဘောတူညီချက်အရ  ဇန်နဝါရီ ၁ ရက် ၀၉ း ၀၀ နာရီအချိန် တွင်  ဘီယာတစ်ပုလင်းစီအား  အဖုံးဖွင့်၍ မြေကျင်းထဲ သို့ မှောက်သွန်ခဲ့ကြောင်းသတင်းရရှိပါသည်။

နယ်စပ်ကုန်သွယ်ရေးစခန်း-ကျိုင်းတုံ

 

Border Trade News

Pages