တရားမဝင်သယ်ဆောင်လာတဲ့ သစ်အယ်နဲ့ သစ်ယာများအားဖမ်းဆီးရမိ

Tue, 01/13/2015 - 14:26 -- admin_ygn

   တာချီလိတ် Mobile Team အဖွဲ့ဟာ ဇန်နဝါရီလ ၄ ရက်နေ့မှာ လွယ်စတုံ ရှောင်ကွင်းလမ်းမှာသတင်းအရ ကင်းပုန်းဝပ်စောင့်ဆိုင်းနေစဉ် ၀၄း၃၀ ချိန်ခန့်မှာ မိုင်းဟဲကျေးရွာဘက် မှ တာချီလိတ်ဘက်သို့ ယာဉ်မောင်းအိုက်ဟုန် မောင်းနှင်လာတဲ့ အီတန်ယာဉ် (၁ဋ္ဌ/xxxx)ကို တားဆီးစစ်ဆေးရာမှာ တရားမဝင် သယ်ဆောင်လာတဲ့ သစ်အယ်နဲ့သစ်ယာများကို စစ်ဆေးတွေ့ရှိတဲ့အတွက် နိုင်ငံ ဘဏ္ဍာအဖြစ်သိမ်းဆည်းနိုင်ရန် လုပ်ထုံးလုပ်နည်းနဲ့အညီ သိမ်းဆည်းရမိသစ်များနဲ့ သယ်ဆောင်လာသူများကိုလည်း တာချီလိတ်မြို့နယ် သစ်တော ဦးစီးဌာနသို့ လွှဲ ပြောင်းအပ်နှံခဲ့တယ်လို့သတင်းရရှိပါတယ်။ စစ်ဆေးတွေ့ရှိရတဲ့ သစ်များကတော့ သစ်အယ် ၅ ချောင်း သုည ဒသမ ၃၂၈၆ တန်နဲ့ သစ်ယာ ၈၁ ချောင်း ၃ ဒသမ ၈၈၇ တန်လို့သိရပါတယ်။

တင်တင်ထွန်း MIRT (DCCA)

Border Trade News

Pages