တစ်ဖက်နိုင်ငံရဲ့ အင်ဖာကားလမ်းပိတ်သဖြင့် ပြည်တွင်းထွက်ကွမ်းသီးများ တမူးမြို့ ၌စုပုံ

Wed, 11/25/2015 - 13:55 -- admin_ygn

တစ်ဖက်အိန္ဒိယနိုင်ငံရဲ့  မိုရေးမြို့နဲ့ အ င်ဖာမြို့များတွင် ဒေသတွင်း မငြိမ်သက်မှုကြောင့် မြန်မာနိုင်ငံဘက်မှ    အိန္ဒိယ ဘက်သို့ တင်ပို့သည့်ပို့ကုန်များမှာ စစ်ကိုင် းတိုင်း ဒေသကြီး တမူးမြို့ဘက်ခြမ်းတွင်  စုပုံနေကြောင်း  သိရပါတယ်။အိန္ဒိယ နိုင်ငံ မိုရေးမြို့မှ ကုန်သည်များ ၊  အင်ဖာမြို့မှ ကုန်သည်များ သည်  တမူးမြို့မှပို့ကုန ်ပစ္စည်းများကို လက်လီ/လက်ကား လာရောက် ဝယ်ယူကြပြီး မဏိပူရပြည်နယ် မိုရေးမြို့မှ တစ် ဆင့်  အင်ဖာမြို့၊  နာဂလင်း ပြည်နယ်နှင့် အာခန်းပြည်နယ် များသို့ သွားရောက်  ရောင်းဝယ်ကြတယ်လို့ သိရပါတယ်။ အိန္ဒိယနိုင်ငံက နိုဝင်ဘာလ ဒုတိယပတ်မှာ သွင်းကုန်အဖြစ် မော်တော်ဆိုင်ကယ်၊စားတော်ပဲ၊  ဂျုံမှုန့်၊ချည်ထုပ် ၊ ဟင်းရိုင်း ဖြူ၊ စပျစ်ခြောက်၊  ဆပ်ပြာရည်၊ ရှိန်းခို ၊ ပလတ်စတစ်ရေလှောင် ကန် ၊အနာကပ်ပလာစတာတို့  တင်သွင်းပြီး  ပို့ကုန်အဖြစ်  ကွမ်းသီး၊ စီးကရက်နဲ့ နမ့်ဖာလုံ   ကုန်စုံတို့ကို   တင်ပို့လျက် ရှိပါတယ်။   ဇူလိုင်လအတွင်းက  မိုးသည်းထန်စွာ  ရွာသွန်း မှု ကြောင့် ကလေး-တမူးလမ်းကြောင်းပေါ်ရှိ တံတားများ  ပျက် စီးမှုရှိခဲ့ပြီး  ပြည်တွင်းကုန်သွယ်မှု  လုပ်ငန်းများ  အဆင်ပြေ စေရန်အတွက် သက်ဆိုင်ရာက ယာယီတံတားများ ပြန်လည် တည်ဆောက်ပေးခဲ့တဲ့အတွက် ယခုအခါ  ၁၃ တန်အောက် ကားများ သွား လာနိုင်ပြီဖြစ်လို့  ကုန်သွယ်မှုမှာ ပုံမှန်အနေ အထားဖြစ်တဲ့အတွက်   တစ်ရက်ကို  ကုန်ကား ၁၅ စီးကျော် သွားလာလျက်ရှိပါတယ်။ တစ်ဖက်နိုင်ငံ မိုရေးနဲ့ အင်ဖာမြို့ တွေမှာ လူမျိုးရေးမပြေလည်မှုတွေကြောင့်  နိုဝင်ဘာလ ၁၃ ရက်နေ့ကစပြီး ကားလမ်းပိတ်ထားတဲ့အတွက် ကုန်သည်တွေ အခက်အခဲ ဖြစ်နေတယ်လို့ သိရပါတယ်။ပြည်တွင်းက  တင်ပို့ လာတဲ့ ကွမ်းသီးတွေ တမူးကို  ရောက်လာပြီး မိုရေးမြို့ဒေသတွင်း အခြေအနေကြောင့်ပို့လို့မရဘူးဖြစ်နေတယ် လို့  ဒေသ ခံ တစ်ဦး ထံ မှ သိရပါတယ်။                          
      ခင်မိုးသူ

 

Border Trade News

Pages