စားသောက်ကုန်နဲ့ လူသုံးကုန်ပစ္စည်းများအောက် သိုဝှက်သယ်ဆောင်လာသော ဓာတုဆေးရည်များအား Mobile Team မှ သိမ်းဆည်း

Wed, 12/24/2014 - 14:13 -- admin_ygn

   ၂၀၁၄ ခုနှစ် ဒီဇင်ဘာလ  ၆ ရက်က မူဆယ် (၁၀၅) မိုင်ထုတ်နုတ်အင်အား  Mobile Team အဖွဲ့သည် သတင်းအရ  နမ့်တောင်း-ခိုခေးရှောင်ကွင်းလမ်းကြောင်း အတိုင်း မောင်းနှင်လာသော Dong Fang အမျိုးအစား ၄ လုံးထိုးယာဉ် နှစ်စီးအား မူဆယ်-လားရှိုးပြည်ထောင်စုလမ်းမကြီးအနီး တားဆီးစစ်ဆေးမှုပြုလုပ်ခဲ့ပါတယ်။  ထိုယာဉ် များပေါ်မှာ FDA ထောက်ခံချက်မပါဘဲ တရားမဝင်တင်သွင်းလာတဲ့ စားသောက်ကုန်နဲ့ အခြားလူသုံးကုန်ပစ္စည်းများအောက်မှာ သိုဝှက်သယ်ဆောင်လာပြီး ဓာတုဗေဒဆေး ရည်များ ထည့်ထားတဲ့  ပလတ်စတစ်ပုံးပေါင်း ၂၄၀ ၊ စုစုပေါင်း အလေးချိန်  ၅၇၆၀ ကီလိုဂရမ် အားတွေ့ရှိခဲ့တယ်လို့ သတင်းရရှိပါတယ်။   သိမ်းဆည်းရမိ ဓာတုဆေးရည်များ အား မူဆယ်မြို့ မူးယစ်အထူးတပ်ဖွဲ့သို့ပေးပို့စစ်ဆေးခဲ့ရာ မူးယစ်ဆေးဝါးချက်လုပ်ရာမှာအသုံးပြုတဲ့ တားမြစ်ဓာတုဆေးရည် (Phenyl  ProPanone) များဖြစ်တယ်လို့သိရပါ တယ်။  လုပ်ထုံးလုပ်နည်းနဲ့အညီအကောက်ခွန် အမှုတွဲဖွင့်လှစ်အပ်နှံထားပြီးဖြစ်တယ်လို့သတင်းရရှိပါတယ်။
   တရားမဝင်ကုန်သွယ်မှုတားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီကွပ်ကဲမှုအောက် Mobile Team အဖွဲ့ များဟာ စားသုံးသူအကာအကွယ်ပေးရေးနဲ့ တရားမဝင်ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေးဆောင်ရွက်နေတဲ့ အပြင် မူးယစ်ဆေးဝါးတားဆီးထိန်းချုပ်ရေးလည်း ဆောင်ရွက်နေရာ ၂၀၁၄ ခုနှစ်အတွင်း မူးယစ်ဆေးဝါး ချက် လုပ်ရာမှာ အသုံးပြုတဲ့ (Ethy Alcohol) အရက် ပျံ ၂၀ လီတာပုံး ၂၂၃ ပုံး ၄၇၁၅ ကီလိုဂရမ်နဲ့ ယခု ဖြစ်စဉ် အပါအဝင် ဓာတုဆေးရည် စုစုပေါင်း  ၁၀၄၇၅ ကီလိုဂရမ်ကို မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်ထုတ်နုတ် Mobile Team အဖွဲ့မှတားဆီးနိုင်ခဲ့ပြီးဖြစ်ပါတယ်။
   ဓါတုဆေးရည်များနဲ့  တရားမဝင်ကုန်စည်များသယ်ဆောင်လာတဲ့ Dong Fang ယာဉ်နှစ်စီးခန့်မှန်းတန်ဖိုးကျပ် သိန်း ၈၀ ကိုလည်း လုပ်ထုံးလုပ်နည်းနဲ့အညီ အကောက်ခွန် အမှုတွဲဖွင့်အရေးယူထားပြီးဖြစ်တယ်လို့သိရပါတယ်။

DCCA
 

Border Trade News

Pages