ချင်းရွှေဟော်မှ နှမ်းပိုမိုတင်ပို့

Thu, 07/07/2016 - 08:42 -- admin_ygn

ဇွန် ၁၈ ရက်မှ ၂၄ ရက်တာ သီတင်းပတ်တွင် မြန်မာ- တရုတ်နယ်စပ်ရှိ ချင်းရွှေဟော်ကုန်သွယ်ရေးမှ နှမ်းဖြူ တန် ၂၄၀ ခွဲ၊ နှမ်းနက် ၇၃၃ တန်ကျော်နဲ့ နှမ်းညို ၄၇ တန်ခွဲကို အမေရိကန်ဒေါ်လာ ၁ ဒသမ၃၇၆သန်းဖိုး တင်ပို့ခဲ့ပါတယ်။ ယခင်သီတင်းပတ်က ချင်းရွှေဟော်စခန်းမှ   နှမ်းဖြူ ၄၃၇ တန်နဲ့ နှမ်းနက် ၂၁၂ တန် ခွဲသာ တင်ပို့ခဲ့တာကြောင့် ချင်းရွှေ ဟော်မှ ယခုတစ်ပတ် နှမ်းတင်ပို့မှု  ပိုမိုတင်ပို့နိုင်တာ တွေ့ရပါတယ်  ။ မြန်မာ-ထိုင်းနယ်စပ် ရှိ မြဝတီ ကုန်သွယ်ရေး ဇုန်ကတော့ ယခင်တစ်ပတ်က နှမ်းနက် ၂၈ တန်တင်ပို့ခဲ့ပြီး ယခုတစ်ပတ် ၅ တန်ခွဲသာ တင်ပို့မှု ရှိပါတယ်။ မူဆယ်ကုန်စည်ဒိုင်မှာ နှမ်း ဈေးတွေပြောင်းလဲမှုမရှိဘူးလို့လည်း သိရပါတယ်။  ဓနှမ်းသီး နှံဟာ မိုးမပြတ်ရွာပေးရင် ပိုကောင်းပါတယ်။ တောင်သူတွေ က မိုးဦးမှာ နှမ်းရရင် စားသုံးဆီအတွက် ပူစရာမလိုသလို နောက်ပိုင်းမှာ စပါးရရင် ဝမ်းရေးအတွက်အဆင်ပြေတာ ကြောင့် တောင်သူတွေအနေနဲ့ နှမ်းနဲ့စပါးကို အဓိကထား စိုက်ပျိုးကြတာဓ ဟု သာစည်မြို့နယ်မှ   နှမ်းစိုက်တောင်သူ တစ်ဦးက ပြောပါတယ်။                                  
 မော်မော်အောင်

Border Trade News

Pages