ချင်းရွှေဟော်ကုန်သွယ်ရေးစခန်း၏ ၂၀၂၃ ခုနှစ်၊ မတ်လ (၄) ရက်နေ့မှ မတ်လ (၁၀)ရက်နေ့အထိ လုပ်ငန်း ဆောင်ရွက်မှု ယခင်နှစ်ကာလတူထက် ပိုမိုဆောင်ရွက်နိုင်

Tue, 03/14/2023 - 08:40 -- mocadmin

    ချင်းရွှေဟော်ကုန်သွယ်ရေးစခန်း၏ ၂၀၂၃ ခုနှစ်၊ မတ်လ (၄)ရက်နေ့မှ (၁၀)ရက်နေ့အထိ လုပ်ငန်းဆောင်ရွက်မှုမှာ ပို့ကုန်(၃.၄၀၆) ဒေါ်လာသန်း၊ သွင်းကုန် (၈.၉၃၁) ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏ (၁၂.၃၃၇) ဒေါ်လာသန်းဖြစ်ပြီး ယခင်နှစ်ကာလတူ ၂၀၂၂ ခုနှစ်၊ မတ်လ (၄) ရက်နေ့မှ (၁၀) ရက်နေ့အထိ လုပ်ငန်းဆောင်ရွက်မှုမှာ ပို့ကုန် (၀.၀၁၈)ဒေါ်လာသန်း၊ သွင်းကုန် (၀.၀၄၉) ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏ (၀.၀၆၇) ဒေါ်လာသန်းဖြစ်၍ ယခင်နှစ်ကာလတူအပေါ် ပို့ကုန် (၃.၃၈၈)‌ဒေါ်လာသန်း ပိုမိုခဲ့ပြီး သွင်းကုန်တွင် (၈.၈၈၂) ဒေါ်လာသန်း ပိုမိုခဲ့သောကြောင့် ကုန်သွယ်မှုပမာဏအနေဖြင့် (၁၂.၂၇၀) ဒေါ်လာသန်း ပိုမိုဆောင်ရွက်နိုင်ခဲ့သည်။

   ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက ပို့ကုန်ပိုင်းတွင် ဆန်ကွဲ၊ ပြောင်း၊ ပဲတီစိမ်း၊ ထောပတ်ပဲ၊ ပဲယင်း၊ မြေပဲဆံ၊ နှမ်းဖြူ၊ လက်ဖက်ခြောက်၊ နှံစားပြောင်း၊ ကြံ၊ ဆီးဖြူသီးခြောက်၊ ချင်း(စို)၊ ငရုတ်သီး(အစို)၊ ရော်ဘာ၊ ဝဥခြောက်၊ ပြောင်းချဉ်ဖတ်၊ ကြက်သွန်နီ၊ ဝါစေ့တို့တင်ပို့မှုပိုမိုခဲ့ပြီး သွင်းကုန်ပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုအုပ်စု၊ လုပ်ငန်းသုံးပစ္စည်းအုပ်စုနှင့် လူသုံးကုန်အုပ်စုတို့ ပိုမိုခဲ့သောကြောင့် ကုန်သွယ်မှုပမာဏ ပိုမိုခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

Border Trade News

Pages