ကျောက်ဆည်မြို့နယ် ညောင်ဝန်းကျေးရွာမှ နှမ်းဖြူစိုက်တောင်သူများ မှန်းချက်နဲ့ နှမ်းထွက်ကိုက်

Tue, 07/05/2016 - 08:39 -- admin_ygn

မန္တလေးတိုင်းဒေသကြီးအတွင်း ဆီထွက်သီးနှံတစ်မျိုးဖြစ်တဲ့ နှမ်းရောင်စုံများ (နီ၊ ညို၊ နက်၊ ဖြူ၊ ဝါ၊ ကြား၊ ပန်းနှမ်း)ကို ကျောက်ဆည်၊ စဉ့်ကိုင်၊ မြစ်သား၊ တံတားဦး၊ မတ္တရာ၊ အမရပူရ၊ တောင်သာ၊ ငါန်းဇွန်၊ ကျောက်ပန်းတောင်း စသည့်ဒေသ များတွင် စိုက်ပျိုးကြောင်း နှမ်းများကို နွေနှမ်း၊ မိုးနှမ်း၊ ဆောင်းနှမ်းဟူ၍ ရာသီအလိုက် ခွဲခြမ်း စိုက်ပျိုးကြောင်း  သိရပါတယ်။ ယခုနှစ်  မေလလယ်မှ ဧပြီလဆန်း အတွင်းစိုက်ပျိုးတဲ့နွေနှမ်းများ ကို ဇွန်လကုန်နဲ့ ဇူလိုင်လဆန်းပိုင်း များမှာ စတင်ရိတ်သိမ်းေ>ခလှေ့ကြောင်း၊ နွေနှမ်းများကို မန္တလေးတိုင်း ဒေသကြီးအတွင်း ၈၁၅၅၁ ဧက စိုက်ပျိုးရန် လျာထားရာ အမှန် တကယ်စိုက်ပျိုးရာတွင် ၇၅၁၁၄ ဧက သာစိုက်ပျိုးနိုင်သဖြင့် လျာ ထားချက် ဧကရဲ့ ၉၂ ရာခိုင်နှုန်း  စိုက်ပျိုးနိုင်ကြောင်း၊ ယခင်နှစ် ကာလတူ နွေနှမ်းစိုက်ဧကထက် ၆၄၃၇ ဧက လျော့နည်း စိုက်ပျိုး ကြောင်း သိရပါတယ်။
ကျောက်ဆည်ခရိုင်အတွင်း နွေနှမ်းစိုက်ပျိုးမှုမှာ ကျောက်ဆည် မြို့နယ်တွင် ၁၃၉၅၅ ဧက၊ စဉ့်ကိုင်မြို့နယ်တွင် ၁၂၀၁၁ ဧက၊ မြစ်သားမြို့နယ်တွင် ၂၃၈၄၉ ဧကနှင့် တံတားဦးမြို့နယ်တွင် ၂၈၀ ဧကစိုက်ပျိုးနိုင်သဖြင့် ကျောက်ဆည် ခရိုင်နွေနှမ်းစိုက်ဧက စုစုပေါင်း ၅၀၀၉၅ ဧကရှိသဖြင့် မန္တလေးတိုင်းဒေသကြီးတစ်ခုလုံး နွေနှမ်းစိုက် ဧကရဲ့ ၆၇ ရာခိုင်နှုန်းစိုက်ပျိုးနိုင်ကြောင်းသိရှိရပါတယ်။နွေနှမ်းစိုက်ပျိုးမှုအခြေအနေကို သိရှိနိုင်ရန် ကျောက်ဆည် ခရိုင်၊ ကျောက်ဆည်မြို့နယ်၊ ညောင်ဝန်းကျေးရွာမှ နွေနှမ်းဖြူ စိုက် ပျိုးတဲ့ တောင်သူကြီးတစ်ဦးအား စိုက်ပျိုးမှု၊ ထွက်ရှိမှု၊ ကုန်ကျစရိတ် (ထွန်ယက်ခြင်း၊ မျိုးစေ့ စိုက်ပျိုးခြင်း၊ သွင်းအားစု (မြေသြဇာ)ထည့် သွင်းခြင်း၊ ရေသွင်းခြင်း၊ ရိတ်သိမ်းခြွေလှ့ခြင်း၊ သယ်ယူခြင်းနှင့် လုပ်သားခ)အကျိုးအမြတ်နဲ့ ရင်ဆိုင်ရတဲ့အခက်အခဲများအား မေးမြန်းခဲ့ပါသည်။
ယခင်နှစ်က နွေနှမ်းကို လေးဧကနီးပါးစိုက်ပျိုးပြီး၊ ယခုနှစ် တွင် နွေနှမ်း ခြောက်ဧကကျော်နဲ့ ပဲတီစိမ်း သုံးဧကခန့် စိုက်ပျိုးထား ကြောင်း၊ ယခင်နှစ်တွင် နှမ်းများဈေးကောင်းရသည်မှာ မိမိကိုယ်တွေ့ ဖြစ်သောကြောင့် ယခုနှစ်တွင် စိုက်ဧကတိုးချဲ့စိုက်ပျိုးခြင်းဖြစ် ကြောင်း၊ မျိုးစေ့မှန်၊ စိုက်ပျိုးနည်းမှန်၊ သွင်းအားစုအသုံးပြုနည်း မှန်ကန်စွာ ယခင်နှစ်ကထက် ပိုမိုဂရုစိုက် စိုက်ပျိုးတဲ့အတွက် အထွက်  တိုးမည်ဟု ခန့်မှန်းထားရာ လောလောဆယ်ရိတ်သိမ်းပြီး တစ်ဧက ၁၃ တင်းထွက်ရှိရာ နှစ်ဧကမှာ ၂၆ တင်းကျော်ထွက်ရှိတဲ့အတွက် ယခင်နှစ်ထက် တစ်ဧက တစ်တင်းခွဲ ပိုမိုထွက်ရှိကြောင်း၊ ယခုနှစ်မှာ မိမိအနေဖြင့် မှန်းချက်နဲ့နှမ်းထွက်ကိုက်ကြောင်း၊ တစ်ဧက ကုန်ကျ စရိတ်အနေဖြင့် ကျပ် ၁၈၀၀၀၀ မှ ၂၁၀၀၀၀ ကျပ်အထိ ကုန်ကျ ကြောင်း၊ ၎င်းင်းကုန်ကျစရိတ်အနည်းအများမှာ ရေတင်/ရေသွင်း (ရေရှိရေး)မှုအပေ မူတည်ကြောင်း၊ ယခုလောလောဆယ် ဒေသ ပေါက်ဈေးမှာ နှမ်းဖြူတစ်တင်း ကျပ် ၂၉၀၀၀ မှ ၃၀၀၀၀ ကျပ်ဈေးနှုန်း ဖြင့် တောပွဲစားများလာရောက် ဝယ်ယူမှုရှိကြောင်း၊ တစ်ဧကရရှိသည့် ငွေမှာ ၃၆၂၅၀၀ ကျပ်ရရှိသဖြင့် အကျိုးအမြတ်ရရှိငွေမှာ တစ်ဧက လျှင် ၁၅၂၅၀၀ ကျပ်ရရှိကြောင်း၊ ယခုနှစ်နှမ်းစိုက်ပျိုးရာတွင် ရင်ဆိုင် ရသည့်  အခက်အခဲမှာ မိမိစိုက်ပျိုးတဲ့ သီးနှံစိုက်မြေမှာ ကိုက်ညီမှုရှိ တဲ့ သွင်းအားစု(မြေသြဇာ)ထည့်သွင်းနိုင်ရေးနဲ့ ရေရရှိရေးအတွက် ဆောင်ရွက်ရကြောင်း၊ မိမိတို့ကျေးရွာအုပ်စု အနီးတဝိုက်တွင်လည်း ရေရရှိမှု အခက် အခဲကြောင့် အချို့နွေနှမ်း စိုက်ပျိုးသူများမှာ အောင်ရေ မရရှိသဖြင့်အထွက်နှုန်းလျော့ကျ ကြောင်း၊ အချို့စိုက်ဧက များမှာ ရေမရရှိသောကြောင့် ပျက်စီးဆုံးရှုံး ကြောင်း၊ မည်သည့်သီးနှံပဲ စိုက်စိုက် ရေရရှိရေးက အဓိကကျကြောင်း၊ ယခုနှစ်မှာ မိုးနည်းတာ ကြောင့် ရေရရှိရေးအတွက် တောင်သူများ အနေဖြင့် အခက်အခဲကြီး တစ်ခုဖြစ်ကြောင်း၊ လောဘကြီးပြီး စိုက်ဧက တိုးချဲ့မစိုက်ပျိုးဘဲ တစ်ပိုင်တစ်နိုင် စိုက်ပျိုးသင့်ကြောင်း၊ ဘက်ပေါင်းစုံမှ စဉ်းစားချင့်ချိန် စိုက်ပျိုးကာမှ တော်ကာကျကြောင်း၊ ညောင်ဝန်းကျေးရွာ နှမ်းစိုက် တောင်သူကြီးတစ်ဦးက ပြောကြားပါ တယ်။   ပြည်တွင်းဆီစက်ပိုင်ရှင်များနဲ့ ပြည်ပ (တရုတ်)ဝယ်လက် များ ပုံမှန်ဝယ်ယူမှုရှိနေတဲ့ နှမ်းဖြူက ဈေးကွက် ရရှိပြီးဖြစ် သလို ဈေး နှုန်းတည်ငြိမ်မှုရှိနေတာကြောင့် တောင်သူများအနေဖြင့် ဈေးကွက်အတွက် မပူပင်ရသလို ဈေးနှုန်းအတွက်လည်း မစိုးရိမ်ရတာကြောင့် နှမ်းဖြူကို စိုက်ဧကတိုးချဲ့စိုက်ပျိုးပြီး၊ စိုက်နည်းစနစ် မှန်ကန်စွာ စိုက်ပျိုးခြင်းဖြင့် မိမိတို့၏မိသားစုဝင်ငွေရော၊ တိုင်းပြည်အတွက် နိုင်ငံခြားဝင်ငွေများပါ ရရှိမည်ဖြစ်ကြောင်း သိရပါတယ်။

စိုးအောင် (မန္တလေး)

 

Border Trade News

Pages