ကော့သောင်းနဲ့ မြိတ်ကုန်သွယ်ရေး စခန်းတို့မှ ရေထွက်ကုန်ပိုမိုတင်ပို့

Wed, 01/13/2016 - 06:15 -- admin_ygn

မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီကုန်သွယ်ရေးဇုန်၊ ကော့သောင်း ကုန်သွယ်ရေးစခန်းနဲ့ မြိတ်ကုန်သွယ်ရေး စခန်းတို့မှ ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၆ ရက်မှ ၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၁ ရက် အတွင်း ကန်ဒေါ်လာ ၄ ဒသမ ၂၄၀ သန်းတန်ဖိုးရှိ ရေထွက်ကုန် ၄၃၃၉ တန်ကျော် တင်ပို့နိုင်တဲ့အတွက် ယခင်သီတင်းပတ်နဲ့ နှိုင်းယှဉ်ပါက ၇၄၄ တန်ကျော် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။
မြဝတီကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ သုည ဒသမ ၀၈၅ သန်း တန်ဖိုးရှိ ငါးမျိုးစုံ ၃၄ တန်ကျော်၊ကဏန်း ၁၆ တန်ကျော်နဲ့ ပုစွန် နှစ်တန် နီးပါး တင်ပို့တဲ့အတွက်ယခင်သီတင်းပတ်နဲ့ နှိုင်း ယှဉ်ပါက ၆၈ တန်ကျော် လျော့နည်းတင်ပို့ခဲ့ပါတယ်။ကော့သောင်းကုန်သွယ်ရေးစခန်းမှ ကန်ဒေါ်လာ ၁ ဒသမ ၁၆၄ သန်း တန်ဖိုးရှိ ငါးမျိုးစုံ ၁၃၇၉ တန်ကျော်၊ ကင်းမွန် ၃၆ တန်ကျော်၊ ပုစွန်လေးတန်ကျော်နဲ့ အခြားရေထွက်ပစ္စည်း လေးတန်ကျော်တင်ပို့နိုင်တဲ့အတွက် ယခင်သီတင်းပတ်နဲ့ နှိုင်းယှဉ်ပါက ၅၄၅ တန်ကျာ် ပိုမိုတင်ပို့ခဲ့ပါတယ်။မြိတ်ကုန်သွယ်ရေးစခန်းမှ ကန်ဒေါ်လာ ၂ ဒသမ ၉၉၁ သန်းတန်ဖိုးရှိ ရေထွက်ကုန်များဖြစ်တဲ့ ငါးမျိုးစုံ ၁၂၉၈ တန်ကျော်၊ ငါးခြောက် ၁၀ တန်ကျော်၊ ကဏန်းနီ ၁၈ တန် ၊ အေးခဲကဏန်းပျော့ ၁၆ တန်ကျော်၊ကင်းမွန် ၆၁တန်ကျော်၊ ရေငန်ပုစွန် ၃၅ တန်ကျော်၊ ငါးမှုန့် ၁၄၂၀ တန်နဲ့ သဲကဏန်း၇၇၅ ကီလိုဂရမ်တင်ပို့နိုင်တဲ့အတွက် ယခင်သီတင်းပတ်နဲ့ နှိုင်းယှဉ်ပါက ၂၆၇တန်ကျော်ပိုမိုတင်ပို့နိုင်ခဲ့ပါတယ် ။ ခင်မြနွယ်

Border Trade News

Pages