ကော့သောင်းကုန်သွယ်ရေးစခန်းမှ ပို့ကုန်ရေထွက်ပစ္စည်းတင်ပို့မှုနှင့် သွင်းကုန်ပစ္စည်း တင်သွင်းမှု အခြေအနေ

Thu, 03/09/2023 - 04:28 -- mocadmin

   ကော့သောင်းကုန်သွယ်ရေးစခန်းသည် ထိုင်းနိုင်ငံသို့ ရေထွက်ပစ္စည်းများကို FOB စနစ်ဖြင့် အဓိကတင်ပို့နေသော ပို့ကုန်အသာစီးရသည့် စခန်းတစ်ခုဖြစ်သည်။ အဓိကတင်ပို့နေသော ပစ္စည်း များမှာ ငါးမျိုးစုံ၊ ငါးစီဖောင်း၊ ပုစွန်၊ ငါးဆားနယ်၊ ကဏန်း၊ ကင်းမွန် (စို/ခြောက်)၊ ခရုနှင့် ငါးမှုန့်၊ သီဟိုဠ်စေ့၊ ဆီအုန်းတို့ဖြစ်သည်။

   ၂၀၂၃ ခုနှစ်၊ မတ်လ ၁ ရက်နေ့မှ ၇ ရက်နေ့အထိ ပို့ကုန် တန်ဖိုး အမေရိကန်ဒေါ်လာ (၃.၇၀၄) သန်း၊ သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ (၀.၃၆၄) သန်းဖြစ်ပြီး ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၄.၀၆၈ သန်းဖြစ်သည်။ အများဆုံးတင်ပို့နိုင်သည့် ပို့ကုန်ပစ္စည်းမှာ ငါးမျိုးစုံနှင့် ကင်းမွန်၊ ဆီအုန်း၊ ဓနိအုန်း တို့ဖြစ်ပြီး၊  အများဆုံးတင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်းများမှာ ပီလော ပီနံမှုန့်၊ ကြွေပြား၊ ဆား၊ ကုန်စုံ၊ စတီးဝါယာကြိုး၊ ဒီဇယ်၊ ဆီလီကွန်၊ ဆာလဖာ၊ ကျောက်ချဉ်တို့ဖြစ်ကြောင်း သိရှိရသည်။

   ၂၀၂၃ ခုနှစ်၊ မတ်လ ၈  ရက်နေ့ ပြင်ပ ငွေလဲနှုန်းမှာ မြန်မာငွေကျပ် (၁) သိန်းလျှင် (၁၂၁၂) ဘတ်၊ (၁) ဘတ်လျှင် မြန်မာငွေ (၈၂.၅) ကျပ်ခန့် ဖြစ်သဖြင့် (၇-၃-၂၀၂၃) ရက်နေ့ထက် (၀.၅) ကျဆင်းသွားကြောင်း သတင်းရရှိသည်။

Border Trade News

Pages