ကုန်သွယ်ရေးစခန်းများမှ ရော်ဘာပိုမိုတင်ပို့

Wed, 01/13/2016 - 06:38 -- admin_ygn

ကုန်သွယ်ရေးစခန်းများမှဒီဇင်ဘာလနောက်ဆုံးပတ်အတွင်း ရော်ဘာတင်ပို့မှုမှာ ၈၄၂ တန်ကျော်ဖြစ်ပြီး၊ တန်ဖိုးမှာကန်ဒေါ်လာသုည ဒသမ ၈၁၈သန်းဖြစ်ပါ တယ်။စခန်းအလိုက် တင်ပို့မှု မှာ မူဆယ်(၁၀၅)မိုင် ကုန် သွယ်ရေးဇုန်မှ RSS-3 ၄၅၆ တန်ကျော်၊MSR- 20  ၇၂ တန်ခန့်၊ MSR- 50 တန် ၁၅၀၊ချင်းရွှေဟော်စခန်းမှ RSS-3 ၁၆၄ တန်ဖြစ်ပါတယ်။ ဒီဇင်ဘာတစ်လလုံး တင်ပို့မှုကတော့ ကန်ဒေါ်လာ ၆ ဒသမ ၅၁၇ သန်းဖိုးရှိ ရော်ဘာတန်ချိန် ၆၇၂၈ တန်ကျော်ဖြစ်ပါတယ်။ အနီး စပ်ဆုံး နိုဝင်ဘာလထက် တန် ၂၄၆၀ ပိုမိုတင်ပို့နိုင်ခဲ့ပါ တယ်။ယခုဘဏ္ဍာနှစ် ဧပြီလမှဒီဇင်ဘာလထိ ကန်ဒေါ်လာ ၁၆ ဒသမ ၃၀၈ သန်းဖိုးရှိ ရော်ဘာ ၄၀၂၇၄ တန်ကျော် တင်ပို့ထားပြီးဖြစ်ပါတယ်။ ယမန်နှစ်ကာလတူကတော့ ၂၉၁၃ တန်သာ တင်ပို့နိုင်ခဲ့တာမို့ ယခုနှစ်မှာ ၁၀၈၆၁ တန် ပိုမိုတင်ပို့ထားနိုင်ပါတယ်။ရော်ဘာဈေးအနေနဲ့ကတော့ ယခုတစ်ပတ်မှာ ဈေးအနည်းငယ်ကျကြောင်း သိရပါတယ်။ မူဆယ် ကုန် စည်ဒိုင်ဈေးနှုန်းအရ  RSS-3 တစ်တန်ကို ယခင်တစ်ပတ် က ၁၃၈၄၇၆၁ ကျပ်ရှိပြီး ယခုတစ်ပတ်မှာ  ၁၃၇၃၈၁၄ ကျပ်ရှိကြောင်း သိရှိရပါတယ်။ ယမန်နှစ် ကာလတူတုန်း ကတော့ RSS-3တစ်တန်ကို ၁၄၉၀၆၇၄ ကျပ်ရှိခဲ့ပါ တယ်။ဒေသပေါက်ဈေးအနေနဲ့ မြိတ်ဒေသမှာ  RSS-3  တစ်ပေါင်ကို ၅၈၇ ကျပ်ဖြစ်ပြီး၊ RSS-5 တစ်ပေါင်ကို ၄၈၈ ကျပ်ရှိကြောင်း သိရှိရပါတယ်။ ယခုဘဏ္ဍာနှစ် အတွင်း ဇွန်၊ ဇူလိုင်၊ သြဂုတ်၊ စက်တင်ဘာ၊ အောက်တို ဘာလတွေမှာ ရော်ဘာဈေးတက်ခဲ့ပြီး နိုဝင်ဘာလ၊ ဒီဇင်ဘာလအတွင်းမှာတော့  အနည်းငယ် ဈေးပြန်ကျခဲ့ပါ တယ်။   

ယဉ်ယဉ်အေး

 

Border Trade News

Pages