သဇင်မြေ ကုန်သွယ်မှုဗဟိုဌာန၏ ကုန်သွယ်မှုအခြေအနေ

Tue, 09/03/2019 - 04:41 -- admin_ygn

     ရခိုင်ပြည်နယ် စစ်တွေမြို့ ကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ဩဂုတ် ၁၀ ရက်မှ ၁၆ ရက် အထိ ငါးမြစ်ချင်းအရေအတွက် ၃၂၀ဝ၀ ကီလိုဂရမ်တင်ပို့ခဲ့ပြီး၂၉၇၂၀ ဒေါ်လာတင်ပို့ခဲ့ သည်။ ယခင် တစ်ပတ် ဩဂုတ် ၃ရက်မှ ၉ ရက်အထိ ငါးမြစ်ချင်းအရေအတွက် ၅၁၂၀ဝကီလိုဂရမ်  တင်ပို့ခဲ့ပြီး ၄၇၃၂၈ ဒေါ်လာတင်ပို့ခဲ့သည်ဟုသိရှိ ရသည်။  ယခင်တစ်ပတ်ထက်  ယခုတစ်ပတ်တွင်  ငါးမြစ်ချင်းအရေ အတွက် ၁၉၂၀ဝ ကီလိုဂရမ်တင်ပို့မှုေ လျာ့နည်းခဲ့ပြီး ၁၇၆၀၈ ဒေါ်လာ တန်ဖိုးလျော့နည်းခဲ့ကြောင်း သိရှိရသည်။
     ရခိုင်ပြည်နယ်အတွင်းရှိ  စစ်တွေကုန်သွယ်ရေးစခန်းမှ တစ်ဆင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဩဂုတ် ၁၀ ရက်မှ ၁၆ ရက်အထိ အမှန် တင်ပို့ကုန်ပစ္စည်းများအနေဖြင့် ချင်း(အစို)၊ ဆီးဖတ်၊ မန်ကျည်းစေ့၊ ကြိမ်၊ ဆီးယိုထုပ်နှင့် ငါးမြ စ်ချင်းတို့တင်ပို့ရာ တန်ဖိုးအားဖြင့် အမေရိကန် ဒေါ်လာ ၅၂၀၄၅ ဒေါ်လာတင်ပို့ခဲ့ကြောင်း သိရသည်။ ဩဂုတ် ၁၀ ရက်မှ၂၁ ရက်အထိ ရခိုင်ပြည်နယ်၊ ဆန်၊ စပါးဈေးကွက်အခြေအနေမှာ အရောင်းအဝယ်အေးပြီးဈေးနှုန်း ပြောင်း လဲမှုမရှိခဲ့ကြောင်း သိရသည်။ ဧည့်မထစပါး  တင်း ၁၀ဝ ကို ကျပ် ၅၂၀ဝဝဝ ဖြစ်ပြီး ဆန်တစ်အိတ်ကို ကျပ် ၂၄၀ဝ၀ ရှိကြောင်းသိရသည်။

 

နီလာ(သဇင်မြေကုန်သွယ်မှုဗဟိုဌာန)

Border Trade News

Pages