ရွှေငရုတ် ဈေးကောင်းရ

Thu, 08/31/2017 - 08:35 -- admin_ygn

        ကျောက်ဆည်ခရိုင်အနေဖြင့် ယခုနှစ် ငရုတ်ကို ၁၇၅၃၁ ဧကစိုက်ပျိုးနိုင်ခဲ့ကြောင်း သက်ဆိုင်ရာဌာန၏ စာရင်းများ အရသိရှိရပါသည်။ ငရုတ်သီးကို ဖေဖော်ဝါရီလတွင် စတင်စိုက်ပျိုးခဲ့ပြီး မေလတွင် စတင်ခူး ဆွတ်ကြကြော င်း၊ ငရုတ်မျိုးအနေဖြင့် အထွက်နှုန်းကောင်းမွန်သော သာမို၊ဒီမွန်မျိုးများကိုသာ အများဆုံးစိုက်ပျိုးကြကြောင်းသိရှိရပါသည်။ ယခုနှစ်တွင် မိုးရွာသွန်းမှုကောင်းသောကြောင့် အပင်များကောင်းမွန်စွာ အောင်မြင်ဖြစ်ထွန်း၍အသီးများ ဖြိုင်ဖြိုင်ရင့်မှည့်နေပြီဖြစ်ပါသည်။
        ကျောက်ဆည်ခရိုင်အနေဖြင့် ငရုတ်သီးကို ၄၃၁၀ ဧက ရိတ်သိမ်းနိုင်ခဲ့ပြီး အထွက်နှုန်းအနေဖြင့် ၅၀၁ ဒသမ ၃၄ တင်း၊ အထွက်စုစုပေါင်း ၂၁၆၀၇၇၆ တင်းထွက်ရှိကြောင်းသက်ဆိုင်ရာဌာန၏ စာရင်းများအရ သိရှိရပါသ ည်။ ငရုတ် သီးဈေးမှာလည်း ယခင်နှစ်ကထက် ဈေးနှုန်းမြင့်တက်လာခဲ့ပြီး ယခုအချိန်တွင် ငရုတ်သီး ဈေးနှုန်းအနေဖြင့် တောပွဲစားများက ရွာအထိကွင်းဆင်း၍ ဝယ်ယူရာ သာမို/ဒီမွန် ငရုတ်တစ် တင်းလျှင် ကျပ် ၁၀၀၀၀-မှ ကျပ် ၁၂၀၀၀-ဈေးဖြင့် ဝယ်ယူ လျက်ရှိပါသည်။ ပွဲရုံဈေးအနေဖြင့် ယခင်နှစ်က သာမိုတစ်ပိဿာလျှင် ကျပ် ၂၇၅၀၊ ဒီမွန်တစ်ပိဿာလျှင် ကျပ် ၂၇၅၀ ဈေးနှုန်းများဖြစ်ပြီး၊ ယခုနှစ်တွင် သာမို တစ်ပိဿာလျှင် ကျပ် ၃၂၅၀၊ ဒီမွန်တစ်ပိဿာ လျှင်ကျပ် ၃၂၅၀ ဈေးနှုန်းများဖြင့် ရောင်းဝယ်လျက်ရှိပါသည်။ ယခုနှစ် ငရုတ်သီး ဈေးနှုန်းသည် ယခင်နှစ်ကထက် ပိုမိုဈေးကောင်းရလျက်ရှိ ကြောင်း သိရှိရပါသည်။

 

နှင်းလဲ့လဲ့ (ကျောက်ဆည်)

Border Trade News

Pages