ယခုတစ်ပတ် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဆန်တန်ချိန်တစ်သောင်းသုံးထောင်ကျော်နဲ့ ဆီနီဂေါနိုင်ငံသို့ ဆန်ကွဲတန်ချိန်နှစ်သောင်းခြောက်ထောင်ကျော်တင်ပို့

Mon, 10/02/2017 - 06:37 -- admin_ygn

        မြန်မာ-တရုတ်နယ်စပ်ရှိ ကုန်သွယ်ရေးစခန်းများနဲ့ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ စစ်တွေကုန်သွယ်ရေးစခန်းမှ စက်တင်ဘာ၁၆ရက်မှ ၂၂ ရက်အထိ သီတင်းတစ်ပတ်အတွင်း အမေရိကန်ဒေါ်လာ ၇ ဒသမ ၃၅၄သန်းတန် ဖိုးရှိ ငစိန်ဆန်၊ ဧည့်မထဆန်နဲ့ ကောက်ညှင်းဆန် ၂၁၁၈၉ တန် ကျော်တင် ပို့ခဲ့ပါတယ်။ ယခုတစ်ပတ်မှာ မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅)မိုင်ကုန်သွယ်ရေးဇုန်မှ ငစိန်ဆန် တန်ချိန် ၇၀၊ ဧည့်မထ ဆန် ၁၈၈၅၃တန်ကျော်နဲ့ေ ကာက်ညှင်းဆန် ၅၉ တန်၊ ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းမှ ငစိန်ဆန် ၁၆၉ တန်၊ လွယ်ဂျယ်ကုန်သွယ်ရေးစခန်းမှ ဧည့်မထဆန် ၁၈၈၃ တန်ကျော်တင်ပို့ခဲ့ပြီး မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ စစ်တွေကုန်သွယ်ရေးစခန်းမှ ဧည့်မ ထ ဆန် ၁၅၅ တန်တင်ပို့ခဲ့ပါတယ်။ ယခင်တစ် ပတ်က ၂၃၈၄၅ တန်ကျော် တင်ပို့ခဲ့တဲ့အတွက် ယခင်တစ်ပတ် နဲ့နှိုင်းယှဉ်ပါက ယခုတစ်ပတ်မှာ ၂၆၅၆ တန်တင်ပို့မှုလျော့ကျ ခဲ့တာ တွေ့ရပါတယ်။
         ယခုတစ်ပတ်မှာ မူဆယ်(၁၀၅) မိုင်ကုန်သွယ်ရေးဇုန်မှ အမေရိကန်ဒေါ်လာ သုည ဒသမ ၃၄၆ သန်းတန်ဖိုးရှိ ဆန်ကွဲ ၁၂၀၆ တန်နဲ့လွယ်ဂျယ်ကုန်သွယ်ရေးစခန်းမှ အမေရိကန် ဒေါ်လာ သုည ဒသမ ၀၄၆ သန်းတန်ဖိုးရှိ ဆန်ကွဲ ၁၆၈ တန် ကျော်တင်ပို့ခဲ့တဲ့အတွက် စုစုပေါင်းအမေရိကန်ဒေါ်လာ သုည ဒသမ ၃၉၂ သန်းတန်ဖိုးရှိ ဆန်ကွဲ ၁၃၇၄ တန် တင်ပို့ခဲ့ တယ်။ ယခင်တစ်ပတ်က ဆန်ကွဲ ၁၄၇၇ တန်တင်ပို့ခဲ့တဲ့ အတွက် ယခုတစ်ပတ်မှာ ၁၀၃ တန်လျော့ကျခဲ့ကြောင်း သိရှိရပါတယ်။ စက်တင်ဘာ ၁၇ ရက်မှ ၂၃ရက်အထိ သီတင်းပတ် အတွင်း ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ အမေရိကန် ဒေါ်လာ ၈ ဒသမ ၀၆၁ သန်းတန်ဖိုးရှိ ဆန်ဖြူနဲ့ပေါင်းဆန် ၂၆၈၂၅ တန်တင်ပို့ ခဲ့ပါတယ်။  ယခုတစ်ပတ်မှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ အများဆုံးတင်ပို့ပြီး ဧည့်မထဆန် ၁၃၁၂၅ တန်တင်ပို့ ခဲ့တာဖြစ်ပါတယ်။  ဘင်္ဂလားဒေ့ရှ်နိုင်ငံအပြင် အခြားတင်ပို့တဲ့ နိုင်ငံများမှာ သီရိလင်္ကာနိုင်ငံသို့ ဧည့်မထဆန် ၂၈၇၅ တန် နဲ့  ငစိန်ဆန်တန်ချိန် ၅၀၀၊ စင်ကာပူနိုင်ငံသို့ ဧည့်မထဆန် ၂၅ တန်၊ ငစိန်ဆန်တန် ၅၀  နဲ့ ဇီယာဆန် ၄၈ တန်၊ အာဖဂန်နစ္စတန် နိုင်ငံသို့ ဧည့်မထဆန်တန်ချိန် ၁၂၅၀ ၊ ဂျပန်နိုင်ငံသို့ ဧည့်မထ ဆန်တန်ချိန် ၅၀၀၊ တရုတ်နိုင်ငံသို့   ငစိန်ဆန်တန်ချိန် ၅၀၊ ရုရှားနိုင်ငံသို့ ပေါင်းဆန်တန်ချိန်  ၂၀၀၊ တောင်အာဖရိက နိုင်ငံသို့ ဧည့်မထဆန်တန်ချိန် ၂၅၅၀၊ မက်ဒါဂါစကားနိုင်ငံသို့ ဧည့်မထဆန်တန်ချိန် ၇၇၀၊ ဂီနီနိုင်ငံသို့ဧည့်မထဆန်တန် ချိန် ၂၈၀၀၊ အီးယူနိုင်ငံများ သို့ ပေါင်းဆန်တန်ချိန် ၄၅၀၊ ဧည့် မထဆန် ၁၅၃၂ တန်နဲ့ ငစိန်ဆန်တန် ၁၀၀ တင်ပို့ခဲ့ပါတယ်။ ယခင်တစ်ပတ်က ပင်လယ်ရေကြောင်းမှ ဆန် ၂၁၂၄၆တန် တင်ပို့ခဲ့တဲ့အတွက် ယခုတစ်ပတ်မှာ ဆန်တင်ပို့မှု ၅၅၇၉ တန် ပိုမိုတာေ တွ့ရပါတယ်။
           ယခုတစ်ပတ်  ပင်လယ်ရေကြောင်းမှ ဆန်ကွဲတင်ပို့မှုမှာ  အမေရိကန်ဒေါ်လာ ၈ ဒသမ ၄၇၃ သန်းတန်ဖိုးနဲ့ ၃၄၈၃၅ တန်ဖြစ်ပါတယ်။  ဆန်ကွဲကို   အီးယူနိုင်ငံများသို့ ၆၈၈၅ တန်၊ တရုတ်နိုင်ငံသို့၂၅တန်၊  စင်ကာပူနိုင်ငံ သို့ ၁၂၅တန်၊ သီရိ လင်္ကာနိုင်ငံသို့ တန်ချိန် ၅၅၀၊ အင်ဒိုနီးရှားနိုင်ငံသို့ တန်ချိန် ၁၀၀၀ နဲ့ ဆီနီဂေါနိုင်ငံသို့ တန်ချိန် ၂၆၂၅၀ တင်ပို့ခဲ့ပါတယ်။ ယခင်တစ်ပတ်က ပင်လယ်ရေကြောင်းမှဆန်ကွဲတန်ချိန် ၇၆၉၀ တင်ပို့ခဲ့တဲ့အတွက် ယခု တစ်ပတ်မှာ ၂၇၁၄၅ တန်ပိုမိုတင်ပို့ နိုင်ခဲ့ကြောင်းသိရပါတယ်။

 

ယဉ်ယဉ်အေး

Border Trade News

Pages