မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မှ တင်ပို့နေတဲ့ ကြက်သွန်နီ

Fri, 05/03/2019 - 07:28 -- admin_ygn

       မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်၏ ဧပြီ ၁ ရက်မှ ၅ ရက်အထိ တရုတ်နိုင်ငံသို့ကြက်သွန်နီ တင်ပို့မှုအခြေအနေကို စိစစ်ကြည့်ရာ တန်ချိန် ၂၉၇ တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ သုည ဒသမ ၅၁၂ သန်း၊ ကားစီးရေ ၉၀ ဖြင့် တင်ပို့နိုင် ခဲ့ပါတယ်။ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် မတ်လ ၃၁ ရက် အထိ  ကြက်သွန်နီတန်ချိန် ၁၆၆၆၅ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၃ ဒသမ ၁၉၀ သန်း တင်ပို့နိုင်ခဲ့ပါတယ်။ မူဆယ်မြို့တွင်းတွင် လက်ရှိဖြစ်ပေါ်နေ သော ကြက်သွန်နီဝယ်ဈေးမှာ တစ်ပိဿာလျှင် ကျပ် ၆၀၀ နှုန်းဖြင့် တစ်တန်လျှင်ကျပ် ၃၆၇၂၀၀ ဖြင့်ဝယ်ယူပြီး ပြန်လည်ရောင်းချမှုဈေးမှာ တစ် ပိဿာလျှင်ကျပ် ၁၀၀၀ နှုန်းဖြင့် တစ်တန်လျှင် ကျပ် ၆၁၂၀၀၀ ရရှိကြောင်း သိရပါတယ်။ ယခင်နှစ် ဧပြီလတွင် တင်ပို့ခဲ့သည့် ကြက်သွန်နီဝယ်ဈေးမှာ တစ်ပိဿာလျှင်ကျပ် ၇၀၀ နှုန်းတစ်တန်လျှင်  ကျပ် ၄၂၈၄၀၀ ဈေးရရှိခဲ့ပြီး ရောင်းဈေးမှာ တစ်ပိဿာ ကျပ် ၁၂၀၀၊ တစ်တန်လျှင် ကျပ် ၇၃၄၄၀၀ ဈေးရရှိ ခဲ့သောကြောင့် ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက ယခုနှစ် မူဆယ်မြို့တွင်းတွင် သိသာစွာ ဈေးလျော့နေ ကြောင်း သိရှိရပါတယ်။
             ယခင်နှစ်က တရုတ်နိုင်ငံသို့ပြည်တွင်း ကြက် သွန်နီများ တင်ပို့မှုအရ ဧပြီလတွင် တစ်ပိဿာကျပ် ၉၀၀၊ တစ်တန်လျှင်ကျပ် ၅၅၀၈၀၀၊ မေလတွင် တစ်ပိဿာကျပ် ၁၀၀၀၊ တစ်တန်လျှင်  ကျပ် ၆၁၂၀၀၀၊ ဇွန်လတွင် တစ်ပိဿာကျပ် ၁၅၀၀၊ တစ် တန်လျှင်ကျပ် ၉၁၈၀၀၀၊  ဇူလိုင်လတွင် တစ် ပိဿာကျပ် ၂၀၀၀၊ တစ်တန်လျှင် ကျပ်၁၂၂၄၀၀၀၊ သြဂုတ်လတွင် တစ်ပိဿာ ကျပ် ၂၂၀၀၊ တစ်တန် လျှင်ကျပ် ၁၃၄၆၄၀၀၊  စက်တင်ဘာလတွင် တစ် ပိဿာကျပ် ၂၅၀၀၊ တစ်တန်လျှင်ကျပ် ၁၅၃၀၀၀၀ ရရှိ၍   ပြည်တွင်းထွက် ကြက်သွန်နီကို တရုတ်နိုင်ငံ သို့ ပေးပို့သည့်ဈေးနှုန်းသည် ကြက်သွန်နီထွက်ရှိ ကာလကုန်ဆုံးချိန်တွင် ပို့ကုန်အထွက် ဈေးနှုန်း မြင့် မားကြောင်း၊ ကြက်သွန်နီကို ပြည်တွင်းမှာ စနစ်တကျ သိုလှောင်ပြီး ဈေးတက်ချိန်တွင် တင်ပို့ရောင်းချပါ က ပြည်တွင်းထုတ်ကုန်ကြမ်းများ    ပိုမို အကျိုး ကျေးဇူးများရရှိနိုင်ကြောင်း တွေ့ရပါသည်။
တရုတ်နိုင်ငံသို့တင်ပို့ရောင်းချခဲ့သော ကြက် သွန်နီမှာ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် တစ်ပိဿာ ကျပ် ၉၀၀၊ တစ်တန်လျှင် ကျပ် ၅၅၀၈၀၀ နှုန်းရရှိခဲ့ ကြောင်း၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် တစ်ပိဿာ ကျပ် ၆၀၀၊ တစ်တန် လျှင်ကျပ် ၃၆၇၂၀၀ နှုန်းဖြင့် သာ ရောင်းချ၍ ယခင်ဘဏ္ဍာနှစ်နှင့် နှိုင်းယှဉ်ပါက ယခုဘဏ္ဍာနှစ်တွင်  ဈေးနှုန်းကျဆင်းခဲ့ပါတယ်။
            ယခုနှစ်  ကြက်သွန်နီတင်ပို့မှု အခြေအနေ အား  တစ်ဖက်နိုင်ငံတွင် အရောင်းအဝယ်ဖြစ်တဲ့ ဈေးနှုန်းက  ယခင်ထက်နည်းနေတဲ့အတွက် တစ်ဖက် နိုင်ငံမှာ ကြက်သွန်နီဝယ်ယူ စားသုံးမှုများရှိနေ သော်လည်း တရုတ်နိုင်ငံက ဈေးလျှော့ဝယ်ယူမှု ကြောင့် မိမိနိုင်ငံရှိ ကြက်သွန်နီ ကုန်သည်များ သာမက စိုက်ပျိုးထုတ်လုပ်သူ တောင်သူများအထိပါ  ရသင့်ရထိုက်သည့် အကျိုးခံစားမှုမရှိကြောင်း တွေ့ ရပါတယ်။ သို့ဖြစ်ပါ၍ ပြည်တွင်း ထွက်ကြက်သွန်နီများ တင်ပို့သည့်နိုင်ငံများရှိဈေးကွက်များ၌ ဈေးကောင်း ရရှိရေးအတွက် ထွက်ရှိကြက်သွန်နီများ  ရေရှည်ထားရှိနိုင်မည့်   နည်းလမ်းများစီမံ၍  စနစ်တကျ သိုလှောင်ခြင်း၊  ပြည်ပဈေးကွက်များသို့  ကြက် သွန်နီအသင်းအဖွဲ့မှ ထိုးဖောက်၍ တိုက်ရိုက်သွားရောက်ညှိနှိုင်းခြင်း၊  ကြက်သွန်နီဈေးကွက်များ ရှာဖွေခြင်းတို့ ဆောင်ရွက်သင့်သကဲ့သို့မိမိနိုင်ငံမှ စီးပွားရေးသံမှူးများထားရှိသည့် နိုင်ငံများ၌ ကြက် သွန်နီဈေးကွက် အခြေအေ နများကို   လေ့လာ၍ ဝန်ကြီးဌာနနှင့်သက်ဆိုင်ရာ ကုန်သည်အသင်း အဖွဲ့များသို့အသိပေးခြင်း၊ ချိတ်ဆက်ပေးခြင်းတို့ကို အချိန်မီဆောင်ရွက်ပေးနိုင်ပါက ပြည်တွင်း ကြက် သွန်နီ စိုက်ပျိုးထုတ်လုပ်သူ တောင်သူမှစ၍ ပြည်ပသို့တင်ပို့သည့် ပို့ကုန် လုပ်ငန်းရှင်များအထိ ရသင့်ရထိုက်သည့် အကျိုးကျေးဇူးများ ရရှိခံစားနိုင်မည် ဖြစ်ကြောင်း တိုက်တွန်းအကြံပြုတင်ပြလိုက်ရပါတယ်။

 

မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်

Border Trade News

Pages