မူဆယ်မှ သရက်သီးရော သရက်ပြားခြောက်ပါ ပိုမိုတင်ပို့

Fri, 06/02/2017 - 06:06 -- admin_ygn

      မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်(၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မှ မေ ၁၃ ရက်မှ ၁၉ ရက်အထိ သီတင်းပတ်အတွင်း  အမေရိကန်ဒေါ်လာ  ၁ ဒသမ ၀၃၁ သန်းတန်ဖိုးရှိ သရက်သီး ၃၀၁၅ တန်ကို တရုတ်နိုင်ငံသို့ တင်ပို့ခဲ့ရာ ယခင် တစ်ပတ်က တင်ပို့ခဲ့တဲ့ ၂၈၃၀ တန်နဲ့ နှိုင်းယှဉ်ပါက ၁၈၅ တန်ပိုမိုတင်ပို့ခဲ့သလို အမေရိကန်ဒေါ်လာ ၃၂၄၄၅ တန်ဖိုးရှိ  သရက်ပြားခြောက် ၆၃ တန်တင်ပို့ခဲ့ရာ ယခင်တစ်ပတ်က တင်ပို့ခဲ့တဲ့ ၃၄ တန်ခွဲနဲ့နှိုင်းယှဉ်ပါက ၂၈ တန်ခွဲပိုမိုတင်ပို့ခဲ့တာ တွေ့ရပါတယ်။
မန္တလေးတိုင်းဒေသကြီးနဲ့ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ကျောက် ဆည်၊ စဉ့်ကိုင်၊ ဟန်မြင့်မိုရ်၊ ကူမဲ၊ အုန်းချော၊ အမရပူရ၊ သပြေရိုးနဲ့ ပလိပ်မြို့ တွေကထွက်ရှိတဲ့ ရွှေဟင်္သာသရက်သီး၊ စိန်တစ်လုံးသရက်သီးနဲ့ သရက်သီး အကြမ်းသီးတွေကို ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်(၁၀၅)မိုင် သစ်သီးဝလံ ကုန်စည်ဒိုင်မှတစ်ဆင့်   တရုတ်ပြည်သို့  တင်ပို့ရောင်းချကြောင်း သိရှိရပါ တယ်။

 

မော်မော်အောင်

Border Trade News

Pages